တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

ဒီကနေ့ အမေရိကန်နိုင်ငံမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူတွေရပ်တန့်ဖို့အတွက် မြန်မာမှာ No Fly Zone သတ်မှတ်ဖို့ တောင်းဆိုမူတွေပြုလုပ်ခဲ့ကြသလို တောင်ကိုရီးယားနိုင်ငံမှာလည်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ ​စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမူပြုလုပ်ခဲ့ကြသလို ထားဝယ်လောင်းလုံဒေသနှင့် မကွေးတိုင်းမြိုင်တို့မှာလည်း သပိတ်လှုပ်ရှားမူတွေပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။

Photo – သပိတ်ကော်မတီများ