ခင်ဦး NLD လွှတ်တော်အမတ်ရဲ့ဇနီးနဲ့သမီးအပါoင်ဒေသခံ ဆယ်ဦးကျော်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၊ ၂၆

ခင်ဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခင်ဦးမြို့နယ် ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို ဒီလ ၂၄ ရက် ၊ညနေ ပိုင်းကနေအိမ်မှာ စစ်ကောင်စီကဖမ်းဆီးသွားပြီးတဲ့နောက်မှာဒေသခံ၁၀ဦးကျော်ကိုမနေ့ကနေ့လည်ပိုင်းမှာဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။

“ဒေါက်တာဝင်းအောင်ရဲ့ဇနီးနဲ့သမီးဖြစ်သူဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီးဒီကနေ့အချိန်ထိအကျိုးအကြောင်းတစ်စုံတစ်ရာကိုကြားသိရသေးတာတော့မရှိသေးဘူး။သူတို့နဲ့

သက်ဆိုင်မဆိုင်တော့မသိဘူး။မနေ့ကနေ့လည်ပိုင်းက ပိတောက်ရိပ် လဖက်ရည်ဆိုင်ထဲမှာလဖက်ရည်ဖျော်တဲ့သူကောဆိုင်ထိုင်တဲ့သူကောပိုင်ရှင်ကိုပါဖမ်းသွားတာ။အိမ်ထဲမှာနေတဲ့သူတွေကိုပါပစ်သွားတာပေါင်ကိုမှန်တယ် ။လူရိပ်မြင်ရင်ကိုလိုက်ပစ်တာသူလဲခုဆေးကုနေရတယ်”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကကိုသာစစ်လင်းက DNAကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာဖမ်းစီးထားသူတွေကိုခင်ဦးမြို့လည်ခေါင်မှာသူတို့တပ်စွဲထားတဲ့ဒေသခံကိုဖိုးသားဆိုသူရဲ့နေအိမ်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အဆိုပါနေအိမ်ကအိမ်ရှင်တွေကတော့အခြားမြို့မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်၊၊

၂၀၂၀ပြည့်နှစ်၊ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်စွပ်စွဲပြီးစစ်တပ်က ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ၁ရက်မှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။

အဲဒီအချိန်ကနေ ဒီလ ၂၄ရက်အထိစစ်ကောင်စီဟာ လူပေါင်း ၁၆၀၀၅ ဦးကိုဖမ်းဆီးထားပြီး သေဆုံးသူ ၃၀၃၀ရှိတယ်လို့ နိုင်ငံရေအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ NLDပါတီကလွှတ်တော်ကိုယ်စားလှယ် ၈၀ဦးအပါအဝင် ၁၂၃၂ ဦးနဲ့ကိုယ်စားလှာ် ၂ဦးအပါအဝင် သေဆုံးသူ၈၄ ဦး၊ နေအိမ်ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရသူ ၆၀၅ဦးမှာကိုယ်စားလှယ် ၂၀၆ဦးအပါအဝင်ပါတီဝင် ၃၇၁ဦးရဲ့ပိုင်ဆိုင်မှုတွေပါဝင်တယ်လို့ NLDပါတီက ဇန်နဝါရီလ၂၉ရက်ကထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့မှာစစ်အုပ်ချုပ်ရေးကြေငြာပြီးတဲ့နောက်မှာ ရဲစခန်းမှာအမှုဖွင့်တာတွေမလုပ်ပဲ သူတို့တပ်စွဲထားတဲ့နေအိမ်မှာစစ်ခုံရုံးဖွင့်ပြီး သူတို့ကိုယ်တိုင်စစ်ဆေးမယ်ဆိုပြီးလုပ်တဲ့သဘောဖြစ်နေတယ်လို့လည်းဆိုပါတယ်။