ကန့်ဘလူမှာတရက်ထဲအရပ်သားကိုးဦး မိုင်းထိ၊ ကလေးငယ်တဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၂၆

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းဖေဖော်ဝါရီလ ၂၅ ရက်နေ့တရက်ထဲမှာပဲ အရပ်သားပြည်သူ ကိုးဦးအထိ မိုင်းထိမှန်ဒါဏ်ရာရခဲ့ပြီး ၁၅နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲ့ဒီလိုမိုင်းထိမှန်ဒါဏ်ရာရသူတွေဟာ ထန်းကုန်းတိုက်နယ်အတွင်းညောင်ဇင်ကျေးရွာကပြည်သူ ၄ ဦးနဲ့ ကာဘိုးကျေးရွာကပြည်သူ ၂ ဦးနဲ့သင်ပေါင်းကျင်းကျေးရွာက ကလေးငယ်သုံးဦးဖြစ်ပါတယ်။

“မိုင်းထိတဲ့အထဲမှာသင်ပေါင်းရွာနားကလယ်တောမှာနွားကျောင်းနေတဲ့ညီအကိုနှစ်ယောက်မှာအကြီးလေးကတော့အဲ့နားမှာတင်သေသွားတယ်။အငယ်လေးကအသက်အန္တရာယ်စိုးရိမ်နေရတယ်။သင်ပေါင်းကျင်းကတော့ပျူတွေများတယ်။အဲ့ကလဲရွာအပြင်တွေမှာထောင်ထားတာမိုင်းတွေက“လို့ ကန့်လူဒေသတွင်းသတင်းမီဒီယာမှ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

မိုင်းထိမှန်ထားသူ​တွေဟာ ညောင်ဇင်ကြီးကနေညောင်ဇင်လေးကြားမှာ မိုင်းထိမှန်ခဲ့တာဖြစ်ပြီး ​ညောင်ဇင်ရွာ​နေဦး​ကျော်မြိုင် အသက် ၄၅ ဝန်းကျင်၊ဦးဖိုးပိန် အသက် ၄၅ ဝန်းကျင်၊ဦးလွမ်းချို အသက် ၃၅ ဝန်းကျင်၊ဦး​ကျော်ခင် အသက် ၅၅ ဝန်းကျင်နဲ့ကာဘိုးစံပြရွာမှ ​ဈေးသယ်လင်မယား တို့ထိမှန်ဒါဏ်ရာရခဲ့တာဖြစ်ပြီး မိုင်းထိမှန်သည့်က​လေးငယ်များမှာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ​မောင်ဖြိုး​ဝေ​အောင်၊အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ​မောင်ပိုင်ပိုင်စိုးနှင့်အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ​မောင်တုတ်​ပေါတို့ဖြစ်​ကြောင်း သိရသည်။

“‌ညောင်ဇင်လေးမှာပျူရောစစ်တပ်ကောအင်အားအများကြီးပဲ။ရွာခံကသူတို့နဲ့ပနံသင့်တဲ့၆ယောက်လောက်ပဲရှိတော့တာ။ညောင်ပင်ကြီးကပြည်သူတွေကနောက်ဖက်ခြမ်းကိူမသွားရဲတော့ဘူး။ဖြစ်တာရွာနှစ်ရွာအကူးလမ်းမှာကိုမိုင်းအပြည့်ကာထားတာသူတို့ကခုပြည်သူတွေကမသိပဲအဝင်မှာဖြစ်သွားတာစျေးလည်ရောင်းတဲ့လင်မယားလဲပါတယ် ။စိုးရိမ်ရတဲ့သူရဲ့အခြေအနေကိုမသိရသေးဘူး”လို့ညောင်ဇင်ရွာ ဒေသခံတဦးကပြောပါတယ်။

​ညောင်ဇင်လေး ရွာဟာ ရွာခံပျူ​စောထီးအတန်အသင့်အား​ကောင်းသည့်​​ကျေးရွာဖြစ်ကာ ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ ၁၆ ရက်​နေ့ကလည်း ၄င်းတို့​ထောင်ထားသည့် မိုင်း​ကြောင့် လယ်​တောသွားသည့် ပြည်သူတဦးနဲ့နွား ၂ ​ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့​သေးသည်။ 

အခုမိုင်းထိမှန်ထားသူတွေရဲ့အခြေအနေနဲ့ထိခိုက်ဒါဏ်ရာရရှိမှု့အသေးစိတ်ကိုတော့ပျူစောထီးအင်အားအများအပြားအထိုင်ချထားတဲ့အတွက်မသိရှိရသေးပေမယ့်အခုဒါဏ်ရာရရှိသူတွေကိုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆေးကုသပေးနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင်တရက်ထဲမှာပဲ ​ထန်းကုန်းတိုက်နယ် ညောင်ဇင်ရွာအနီး မိုင်းထိမှန်ထားတဲ့ အရပ်သားပြည်သူ စုစု​ပေါင်း ၆ ​ယောက်အထိရှိခဲ့တဲ့အတွက်ထန်းကုန်းတိုက်နယ် ပျူ​စောထီး​ကျေးရွာများတွင် ​နေထိုင်သည့် ပြည်သူများအ​နေဖြင့် အသွားအလာ အထူးသတိပြုကြဖို့လည်းဒေသဆိုင်ရယတော်လှန်ရေးအင်အားစုတွေကအသိပေးချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ၂၀၂၁ခုနှစ်မှာ ၂၈၈ ဦးထိခိုက်ဒဏ်ရာရပြီး ၁၀၂ဦးသေဆုံးခဲ့ကာ ၂၀၂၂ခုနှစ်မှာတော့ သေဆုံးဒဏ်ရာရသူ ၃၉၀အထိမြင့်တက်ခဲ့ပါတယ်။