ဖေဖော်ဝါရီ ၂၆
KNLA တပ်မဟာ ၆၊ကြာအင်းဆိပ်ကြီးနယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းနဲ့ Specital Operation Force S.O.Fအဖွဲ့တို့ကြား ညပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဖက်က လေးဦးသေဆုံးပြီး၊S.O.Fအဖွဲ့ဘက်ကတော့ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အဖွဲ့တာခံ ပိုအောင်စံရှားက ပြောပါတယ်။
“ညဖက်ဆိုတော့ ချေမှုန်းရတာခက်တယ်ပေါ့နော်။အဲ့ဒိမှာ ဒီကောင်တွေလေးယောက်သေတယ်။ဦးနှောက်ပွင့်တဲ့ကောင်ပွင့်၊ခေါင်းပွင့်တဲ့ကောင်ပွင့်၊ရင်ဘက်ပွင့်တဲ့ကောင်ပွင့်၊ဗိုက်မှန်တဲ့ကောင်နဲ့ လေးယောက်သေသွားတယ်”လို့ S.O.Fအဖွဲ့ရဲ့တာဝန်ခံ ကိုအောင်စံရှားကပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ရက် ညပိုင်းက စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းဟာ KNLA တပ်မဟာ ၆ရဲ့နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာစဥ်မှာ KNLAနဲ့S.OFပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒိတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလေးယောက်ခန့် ခြေပြတ်လက်ပြတ်ဒဏ်ရာရရှိတာရှိတယ်လို့လည်း သူကဆိုပါတယ်။
“ကျွန်တော်တို့စစ်ကြောင်းကိုတော့ အပြတ်ချေမှုန်းနိုင်တာမရှိဘူးပေါ့နော်။ဒါပေမယ့် လက်နက်တွေပြန်ကောက်သွားတယ်။ဒဏ်ရာရသူတွေကိုပြန်ကောက်သွားတယ်။”လို့ S.O.Fရဲ့ တာဝန်ခံ ကိုအောင်စံရှားကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းဘက်က ထိခိုက်သေဆုံးမှုရှိလာတာကြောင့် ပြန်လှန်ဆုတ်ခွာသွားခဲ့တယ်လို့လည်း သိ ပါတယ်။
လက်ရှိမှာ KLNAနဲ့S.O.Fပူးပေါင်းအဖွဲ့တွေဟာ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက်စစ်ကြောင်းတခုကို ပြင်ဆင်နေပြီးလို့လည်း S.O.Fရဲ့ တာဝန်ခံ ကိုအောင်စံရှားကပြောပါတယ်။