ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာ

ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ ကဏ္ဍအတွက် အယ်ဒီတာ့ထံ ရှင်းလင်းချက်ပေးရန် မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲသည့် မေးခွန်းကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့က ကိုမင်းသီဟရဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ မေးခွန်းမှာ အခုလို ဖြစ်ပါတယ်။ 

  • ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အကြောင်း လေ့လာတဲ့အခါ ရေးသားထားတဲ့ အခြေခံဥပဒေနဲ့ ရေးသားမထားတဲ့ အခြေခံဥပဒေတွေ ရှိတယ်လို့ သိရပါတယ်။ ဖက်ဒရယ်စနစ်မှာ ရေးသားမထားတဲ့ အခြေခံဥပဒေ ရှိပါသလား။ 

ဒီမေးခွန်းဟာ — အင်မတန် အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ်တွေမှာ — ရေးသားမထားတဲ့ အခြေခံဥပဒေ ( unwritten constitution) ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ်ကျင့်သုံးရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရေးသားပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ကို ဖြစ်ရပါလိမ့်မယ်။ ရေးသားမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ( unwritten constitution) နဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်လို့ မရပါဘူး။ ပိုပြီး တိတိကျကျ ပြောရရင် — ရေးသားပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအပေါ်မှာသာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုတွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ တိတိကျကျ သတ်သတ်မှတ်မှတ် ရေးသားမထားတဲ့ အခြေခံဥပဒေပေါ်မှာ အာဏာခွဲဝေမှုနဲ့ သယံဇာတခွဲဝေမှုကို နိုင်ငံရေးတန်းတူညီမျှမှုကို အာမခံချက်ရှိစွာ လုပ်ဆောင်လို့ မရပါဘူး။ 

ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ — ရေးသားပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ  (written-constitution) တစ်ခု ရှိကို ရှိထားရမှာ ဖြစ်ပါကြောင်း….

 

အယ်ဒီတာအဖွဲ့

Delta News Agency 

၂၄ – ဖေဖော်ဝါရီ – ၂၀၂၃