ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က လိပ်သိုမြို့ ရဲစခန်း ဒီကနေ့ ဖေဖော်ဝါရီ(၂၁)ရက် မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးဝန်းကျင်ကျေးရွာတွေက နေအိမ်တချို့ကိုမီးရှို့တာ၊ လက် နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သားတချို့ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“မနက်အစောပိုင်းလောက်မှာ လိပ်သိုရဲစခန်းတိုက်ခိုက်ခံရတာ၊ သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်၊ ပြီး တော့ သူတို့က မြို့ထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ နှစ်ယောက်က လက်နက်ကြီးစထိမှန်သွားတယ်၊ သူတို့ ဒဏ်ရာက စိုးရိမ်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ်ကလေးတဦးနဲ့၊(၂၁) နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ် ဆယ်လုံးထက်မနည်းနဲ့ ခရစ်ယာန်ဘာသာရေး ကျောင်းတ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း လူနေရပ်ကွက်တွေထဲ ဝင်ရောက် ကာ တအိမ် တက်ဆင်း စစ်ဆေးမေးမြန်းမှုတွေလုပ်သလို ပစ်ခတ်သံတွေကြောင်းထွက်ပြေးတိမ်းရှောင်သွားလို့ လူမရှိတဲ့နေ အိမ်တွေကိုတော့ မီးရှို့ဖျက်ဆီးမှုလုပ်ခဲ့တယ်လို့ လိပ်သိုဒေသခံကပြောပါတယ်။
လိပ်သိုမြို့ပေါ်က ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ကျဆုံးမှုရှိပေမယ့် အရေ အတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
“အဲမှာ သူတို့တွေ အများကြီး တပ်စွဲထားတယ်လို့ သိထားတယ်၊ စစ်ကြောင်းနှစ်ခုခွဲပြီး ဝင်ချတာပါ၊ နှစ်ဖက် ပစ်ခတ်မှုက နာရီဝက်လောက် ဖြစ်သွားတယ်၊သူတို့ဘက်က ပုံမှန်အတိုင်း လက်နက်ကြီးနဲ့ ရမ်းပစ်တာပေါ့၊ အထိ အခိုက်မရှိပါဘူး။ သူတို့ဘက်ကတော့ ထိခိုက်မှုရှိတယ်၊ သေချာမသိသေးဘူးပေါ့” လို့သူက ပြောပါတယ်။
ဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သံတောင်ကြီးမြို့နယ်မှာ ဒေသခံအရပ်သားထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်းနေရတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ဒေသဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၂ နယ်မြေဖြစ်ပြီး အဲဒီ ဒေသ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ကင်းစခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရသလို စစ်ကောင်စီယာဉ် တန်း တွေ လည်း ခြုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ်ဖေဖော်ဝါရီအထိ သံတောင်ကြီး မြို့ နယ်မှာ တိုက်ပွဲ ၈၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ Northern Thandaung Defence Force ကထုတ်ပြန်ထားပါတယ်။
ဒီကနေ့ပစ်ခတ်မှုဖြစ်ခဲ့တဲ့ လိပ်သိုမြို့ဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့ မြောက်ပိုင်းက ပဲခူးတိုင်းနဲ့ကရင်ပြည် နယ်အစပ်ဒေသတခုဖြစ်ပါတယ်။လိပ်သိုမြို့ရဲ့အနောက်က ရေတာရှည်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ စစ်ကောင်စီနဲ့ PDF တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာတယ်လို့ ပဲခူးဒေသPDF က ထုတ်ပြန်ထားပါတယ်။
စ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ သံတောင်ကြီးမြို့အနောက်ဘက် က ပဲခူးတိုင်းနဲ့ကရင်ပြည် နယ် အစပ် သံတောင်မြို့တွင်းမှာလည်း နေအိမ်ငါးလုံး ကားတစီးနဲ့ ဆိုင်ကယ်နှစ်စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သံတောင်မြို့ခံတဦးက ပြောပါတယ်။
“မနက်ပိုင်းမှာ ပစ်ခတ်သံတွေအရင်ကြားရတယ်၊ ဘယ်သူပစ်နေတာလဲမသိဘူး၊ ခဏအကြာမှာပဲ စစ်သားတွေက ရပ်ကွက်တွေဘက်ဝင်လာပြီး လူမရှိတဲ့အိမ်တွေကို မီးရှို့တယ်၊ ကားတွေ့ကားရှို့၊ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ရှို့၊ တွေ့ကရာအကုန်ရှို့ပြီး ထွက်သွားတယ်”လို့သူက ပြောပါတယ်။
Photo – CJ