အမျိုးသားညီညါတ်ရေး အစိုးရ(NUG)ပညာရေးဝန်ကြီးဌာနက ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စစ်ဒေသခွဲအမှတ်(၃)က ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်၊ရဲမေတွေလည်း ဒေသခံပြည်သူတွေနဲ့ ပါဝင်ဖြေဆိုကြဖို့ ပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။
NUG ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ပြင်ဆင်နေသူတွေကို အကြမ်းဖက်စစ်ကောင်စီ ရဲ့ စစ်ကျွန်ပညာ ရေး စနစ်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သော ဆရာ၊ ဆရာမများတွေ တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူတွေကတနေ့နှစ်နာရီနဲ့ နေ့စဉ် ကူညီသင်ကြားပေးနေကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီစာမေးပွဲမှာတောင်ပိုင်း စစ်ဒေသ အမှတ်(၃)စစ်ဒေသခွဲက ပြည်သူတွေ၊PDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖြေဆို ဖို့ပြင်နေကြသလို NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကလည်း စာမေးပွဲဖြေဆိုမယ့်သူတွေကို ကူညီ ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။