မွန်ပြည်နယ်၊ရေးမြို့နယ်က စစ်ကောင်စီတပ်တွေလုံခြုံရေးယူထားတဲ့ ရေးတံတားကြီးဂိတ်ကို MSROအဖွဲ့က 79mmဗုံးပစ်လောင်ချာကိုအသုံးပြုပြီး 40mm ဗုံးသီးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSROရဲ့ ပြန်ကြား ရေး တာဝန်ခံက DNAကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေလုံခြုံရေးယူထားတဲ့ ရေးတံတားကြီးဂိတ်ကို MSROအဖွဲ့က ဖေဖော်ဝါရီ ၁၇ရက် မနေ့က နေ့လယ် ၁နာရီကျော်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MSROရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ ဗုံးသီးဟာ စစ်ကောင်စီ လုံခြုံရေးဂိတ်ထဲ တည့်တည့်ကျခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလို တိုက် ခိုက်မှုအပြီးမှာ စစ်ကောင်စီရဲ့ရေးမြို့နယ် ခလရ ၆၁ တပ်ရင်းက လက်နက်ကြီးလေး ချက်ပြန်လည် ပစ် ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ကျုံလောင်းရွာဟောင်းထဲကို ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ယာဥ်မောင်းပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MSROရဲ့ ပြန်ကြားရေးတာဝန်ခံက ပြော ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုနဲ့ ထိခိုက်သေဆုံးမှုုအခြေအနေတွေကို DNA ကသီးခြားအတည်မပြုနိုင်ပါဘူး။
အခုလို တိုက်ခိုက်တာဟာ MSROအဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ ရဲဘော်တိုဘီရဲ့ လေးလပြည့်အဖြစ် အကြွေး တောင်းတဲ့အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး တာဝန်ခံ တိုဘီဟာ ၂၀၂၂ခုနှစ်၊အောက်တိုဘာ ၁၇ရက်က စစ်ကော င်စီရဲ့တိုပ်ခိုက်မှုကြောင့် ကျဆုံးခဲ့တာဖြစ်တယ်လို့ သိပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာကြောင့် ကျုံလောင်းရွာဟောင်းထဲကျရောက် ပေါက် ကွဲခဲ့တာနဲ့ပတ်သက်လို့ DNAသတင်းဌာနအနေနဲ့ ဒေသခံကျေးရွားသားတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက် သွယ်လို့မရရှိသေးပါဘူး။
ရေးမြို့နဲ့ နှစ်မိုင်လောက်အကွာက ကျုံလောင်းရွာဟောင်းဟာ ဒေသတွင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ဖော်ပြောဆိုထားတဲ့ ဒေသဖြစ်ပါတယ်။