ပဲခူးတိုင်း၊ညောင်လေးပင်မြို့၊မြို့မ (၃)ရပ်ကွက် ညောင်လေးပင်ဘူတာမှာ ယနေ့ နေလည်ပိုင်းတွင် အဝေးထိန်းဗုံးတလုံးပေါက်ကွဲ့ခဲ့ပြီး ခရီးသွားပြည်သူ သုံးဦးသေဆုံးပြီး ကိုးဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်။
“လက်မှတ်ဝယ်ဖို့တန်းစီတဲ့ အချိန်မှာ ပေါက်ကွဲခဲ့တာဆိုတော့ အတော်ထိကုန်ကျတယ်။ရုံပိုင်ကြီးလည်း ဒဏ်ရာပြင်းထန်လို့ ပဲခူးဆေးရုံပို့လိုက်ရတယ် ။အခုချိန်ထိ လုံခြုံရေးတွေအပြည့်နေရာယူပြီး စစ်ဆေးနေတယ်ဟု “မြို့ခံ တဦးမှ DNA ကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှူကြောင့် အမျိုးသားတဦးနှင့်အမျိုးသမီးတဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံပို့စဉ် နောက်ထပ်အမျိုးသမီး တဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ တောင်တွင်းကြီးမြို့ လက်တက်ကျေးရွာမှ ကိုသက်နိုင်ထွန်း၊မနွဲ့နွဲ့ဝင်း၊မလဲ့လဲ့အေး တို့ဖြစ်ကျပြီး ညောင်လေးပင်မြို့မှာ အလုပ်လုပ်ကိုင်ပြီး အပြန်မှာ အခုလို အဖြစ်မျိုးနဲ့ ကြုံခဲ့တာလို့ သိရပါတယ်။
ထိခိုက် ဒဏ်ရာရရှိသူများထဲမှစိုးရိမ်ရသူ လေးဦးကိုညောင်လေးပင်မြို့နယ်ေဆးရုံမှ တဆင့် ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရတယ်လို့ နယ်မြေခံ ပရဟိတအသင်းထံမှ သိရပါတယ်။
အဲဒီဖောက်ခွဲမှုကိုဘယ်လက်နက်ကိုင်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။