NUG တောင်းပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်းရဲ့ အပတ်စဉ် -၄ သင်တန်းဆင်းပွဲကို KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့မြင်ကွင်းတွေကို ဒီကနေ့ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လာတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

အခုသင်တန်းကိုတော့ ၂၀၂၂ ခုနှစ်စက်တင်ဘာလထဲမှာ သုံးလတာသင်ကြားခဲ့တာဖြစ်ပြီး သင်တန်းမှာ အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့်။ စစ်မြေပြင်ဆေးဝါးကုသခြင်းနဲ့ မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကျကျတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စာတွေ့လက်တွေ့နေရောညပါသင်ကြားခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နဲ့ စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြတယ်လို့  NUG   ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။