ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-မိုင်းဆတ်လမ်းပေါ်မောင်းနှင်လာတဲ့ အိမ်စီးကားတစီးဟာ ဒီက နေ့ ဖေဖော်ဝါရီ(၁၀)ရက် မနက်ပိုင်းမှာ ဘရိတ်ပေါက်ပြီးပေတထောင်အနက်ရှိတဲ့ချောက်ထဲပြုတ်ကျ တိမ်း မှောက် လို့ ကားပေါ်ပါသူ ငါးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံပရဟိတအဖွဲ့ဆီကသိရပါတယ်။
“ကားပြုတ်ကျတာကို မြင်လိုက်တဲ့ လမ်းသွားလမ်းလာပြည်သူတယောက်က ဖုန်းဆက်အကူအညီတောင်းတာ၊ ကားသုံးစီးနဲ့ မိသားစုတွေ ခရီးသွားအပြန်မှာဖြစ်တာ၊ကျိုင်းတုံပြည်သူ့ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်”လို့ အဲ့ ဒီဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ “ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
မိသားစုဝင်တွေမောင်းနှင်လိုက်ပါလာကြတဲ့ ကားသုံးစီးထဲက ဟိုင်းလတ်(vigo)အိမ်စီးကားဟာ ကျိုင်းတုံနယ်၊ ပန် လီရွာအကျော်လမ်းပေါ်မှာ ဘရိတ်ပေါက်ပြီး ချောက်ထဲပြုတ်ကျတိမ်းမှောက်ခဲ့တာလို့သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ကားပေါ်မှာစုစုပေါင်း လူ(၁၂)ဦးလိုက်ပါလာတာဖြစ်ပြီး အသက်(၅၀)ဝန်းကျင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦးတို့ သေဆုံးခဲ့ကြတယ်လို့သိရပါတယ်။