ပျဉ်းမနားမှာ တွဲကားနဲ့ ဟိုက်ဂျက်ကားတိုက်မိပြီး သုံးဦးသေဆုံး

ပျဉ်းမနားမြို့နယ်၊အောင်းကုန်ကျေးရွာအကျော် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဖေဖော်ဝါရီ(၉)ရက် ည ပိုင်းက တွဲကားနဲ့ အိမ်စီးကား တိုက်မိပြီး သုံးဦးသေဆုံးသွားတယ််လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဆီကသိရပါတယ်။

 “ကားလေးပေါ်က သုံးဦးလုံး body (သေဆုံး)နေတာ၊ ကားထဲမှာ ညပ်နေလို့ အချိန်အတော်ကြာ ဆွဲထုတ်ခဲ့ရတယ်၊ ကားပေါ်မှာလည်း ဖုန်းမပါတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး”လို့ မိုးစေတနာ ပရဟိတ ကယ်ဆယ်ရေး အသင်းတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 အဲ့ဒီယာဉ်တိုက်မှုအတွင်း ဟိုက်ဂျက်ကားပေါ်လိုက်ပါလာတဲ့ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားသုံးဦးလုံး သေဆုံးခဲ့တာဖြစ်ပြီး တွဲကားယာဉ်မောင်းကိုတော့ နယ်မြေရဲစခန်းက ဖမ်းဆီးထားတယ်လို့သိရပါတယ်။