ရခိုင်ပြည်နယ် စစ်တွေမြိုက လေယာဉ်ကွင်းဆင်းလမ်းမှာ စခန်းချထားတဲ့ စစ်သားတွေက အဲဒီအနားက မိတ္တူ ဆိုင်မှာ မိတ္တူလာကူးတဲ့ လူငယ်တဦးကို သေနတ်နဲ့ ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံ တွေက DNA ကို ပြောပါတယ်။
“အဲ့ဒီနားက လုံခြုံရေးယူနေတဲ့ စစ်သားတစ် ယောက်က သေနတ်နဲ့ ပစ်လိုက်တာ။ ပေါင်မှာ ဒဏ်ရာရရသွားတယ်။ အဲလို ပစ်ပြီးရင် ချက်ချင်း တစ်ခြားစစ်သား တွေရော ရောက်လာပြီး ဖမ်းယူသွားတာ တွေ့လိုက်တယ်”လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ဘယ်သူဖြစ်တယ်၊ဘာကြောင့်ပစ်ခတ်ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘဲ ဖေဖော်ဝါရီလ (၇) ရက် မနေ့ကည (၇)နာရီဝန်းကျင်လောက်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ လူငယ်ကတော့ စစ် တွေ ဆေးရုံမှာ တင်ပို့ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ လေယာဉ်ကွင်း ဆင်းလမ်း၊ မကျဉ်းမြိုင်ရပ်ကွက်ဟာ နယ်မြို့နယ်တွေကနေ လာပြီး စစ်တွေ တက္ကသိုလ်လာတက်တဲ့ ကျောင်းသားအများစု နေထိုင်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ပစ်ခတ်ခံရတဲ့ လူငယ်ဟာ ကျောင်းသားတဦးဖြစ်နိုင်တယ်လို့ စစ်တွေမြို့ခံတွေကပြောပါတယ်။
အဲဒီလို ပစ်ခတ်ခံရချိန်ဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ထွန်းထွန်းနောင်၊ ကိုကိုလှိုင်၊ သက် သက်ခိုင်နဲ့ မြင့်ကြိုင်တို့ ရခိုင်ပြည်နယ်ကို ရောက်နေချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ရောက်နေတာ့ လေဆိပ်မှာ လုံခြုံရေးတွေ တိုးချထားတာပေ့ါ၊အရင်ကလည်း အဲနားမှာ စစ်သားတွေ ကင်း ရုံတွေ ဆောက်ပြီး နေတာရှိပါတယ်၊တခါတလေ အဲကောင်တွေ မူးရူးနေကြတာ”လို့ နေက်ထပ် စစ်တွေမြို့ခံ တဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက စစ်တွေမြို့ကို ရောက်နေတာ ဖြစ်ပြီး မနေ့ကတော့ မောင်တော၊ ရသေ့တောင်ဘက်က စစ်ရှောင်တွေ၊မွတ်ဆလင်ဒုက္ခသည်တွေနဲ့ သွားတွေ့ ခဲ့ တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု စက်တင်ဘာလ ၄ ရက်နေ့ကလည်း စစ်တွေမြို့ တက္ကသိုလ်အနီးမှာ နေရာယူထားတဲ့ ရဲတပ် ရင်း က ရဲတွေက ပစ်ခတ်လို့ အသက် ၂၀ အရွယ် မွတ်ဆလင်လူငယ်တစ်ဦးသေဆုံးခဲ့ရပါတယ်။