စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေလို့ ရွှေပြည်အေးမြို့ကို ဒေသခံအများစု မပြန်ရဲသေး

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်မှာ PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေ မြို့ကို စွန့်ခွာ သွားပြီးနောက် စစ်အုပ်စုက အင်အား အများအပြားနဲ့ ဝင်ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေ တဲ့ အတွက် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ဟုမ္မလင်းမြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုက လတ်တလောမှာ နေရပ်ပြန်လာတဲ့ ဒေသခံတချို့ကို စစ်ဆေးတာတွေလုပ်နေသလို ဖမ်းဆီးသတ်ဖြတ် မှုတွေလည်းလုပ်နေတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေ မပြန်ကြသေးဘူး၊ဘာလို့လည်းဆိုတော့ ၆ ရက်နေ့ကလည်း တဦးဖမ်းခံရတယ်၊ ၇ ရက်နေ့က ကျ တော့ ၄ ဦးလာတာ ၃ ယောက်ကိုဖမ်းပြီးတော့ ၁ ဦးကို မသင်္ကာလို့ဆိုပြီး ပစ်သတ်လိုက်တယ်၊မြို့ကတော့ လော လောဆယ်ဆယ် စစ်တပ်က စိုးမိုးထားတယ် ” လို့ ဟုမ္မလင်းမြို့ ဒေသခံ တဦးပြောပါတယ်။

ရွှေပြည်အေးမြို့သစ် ဒေသခံတွေဟာ အဲဒီမြို့အနီးနားက ကျေးရွာတချို့မှာ စစ် ရှောင်နေရသလို စစ်အုပ်စုနဲ့ နီး စပ်သူတချို့ကတော့ နေရပ်ပြန်တာတွေရှိတယ်လို့ ဆိုပါတယ်။ ရွှေပြည်အေးမြိုသစ်ကို အမျိုးသားညီညွတ်ရေး အ စိုးရရဲ့ PDF မဟာမိတ်တွေက အခုလဆန်း(၁)ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် လေးရက်အကြာမှာတော့မြို့ တွင်းကနေ ပြန်လည်စွန့်ခွာခဲ့ပါတယ်။

အဲ့ဒီလို မြို့ကနေပြန်လည်စွန့်ခွာခဲ့တာဟာ လူထုအထိနာမှာစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ကာကွယ်ရေး တပ်တွေ ဘက်ကပြောထားပါတယ်။မြို့ကိုဆုံးရှုံးထားတဲ့ စစ်အုပ်စုဟာ လက်ရှိမှာအင်အားအများအ့ပြား အသုံးပြုပြီး ဒေသ ခံတွေ နေရပ်ပြန်လာကြဖို့ ဖိအားပေးနေတယ်လို့ ဟုမ္မလင်းပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကDNA ကို ပြောပါတယ်။

“သူတို့မြို့ကို ပြန်လည်စိုးမိုးပြီးတော့ လူထုကို ပုံမှန်အတိုင်း နေရာချထားရေးတွေ လုံခြုံမှုတွေပေးနေတယ် ဆို တာကို ဒီပုံရိပ်ကိုပြနိုင်ဖို့ ဖိအားပေးလုပ်နေတာပေါ့၊ဒါပေမယ့် လူထုကမယုံကြဘူးပေါ့၊ သူတို့ ပြန်ရောက်ပြီး နေ အိမ် ခုနစ်လုံးလောက်မီးရှို့ခံရတယ်လို ကြားတယ်၊ သူတို့ ရမ်းကားနေတော့ ပြည်သူတွေလည်း စိုး ရိမ်မှုရှိ နေတာပေါ့” လို့ သူကပြောပါတယ်။

PDF မဟာမိတ်အဖွဲ့တွေဟာ မြို့ကနေအပြည့်အဝ ဆုတ်ခွာခဲ့ပြီးဖြစ်ပေမယ့်စစ်အုပ်စုက ဒေသခံတွေကို PDF နဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်နေတာလို့ ဆိုပါတယ်။

“စစ်အုပ်စု ဝန်ထမ်းတွေလည်း ဟုမ္မလင်းမြို့ပေါ်မှာ ရှိနေသေးတယ်၊မပြန်ကြသေးဘူး၊မြို့အဝင်ကိုတော့ စစ်တပ်က အစစ်အဆေးတွေ တအားလုပ်နေတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုရဲ့သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစီးပစ်ချနိုင်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီကတော့ အဲဒီဖြစ်စဉ်ကို ငြင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက လက်ရှိ ၂၀၂၃ခုနှစ်ကို အ ဆုံးအဖြတ်တိုက်ပွဲနှစ်လို့ ကြွေးကြော်ထားသလို လက်ရှိနှစ်ဆန်းပိုင်းမှာပဲ မြို့တွင်းစီးနင်းတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ကို ခပ်စိတ်စိတ်ဖော်ဆောင်နေပါတယ်။