ကော့သောင်းမှာ စစ်ကောင်စီက လက်နက်အပြည့်အစုံနဲ့ကင်းလှည့်နေလို့ တိုက်ပွဲဖြစ်မှာကို ဒေ သခံ တွေစိုးရိမ်နေ

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူအင်အား၊ လက်နက် အင်အားအပြည့်အစုံနဲ့ မြို့တွင်းကို ကင်းလှည့်နေတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ဒေသခံတွေက ​DNAကိုပြောပါတယ်။

စစ်ကောင်စီက အခုလိုလူ၊လက်နက်အင်အားအပြည့်အစုံနဲ့ကင်းလှည့်တာကို ဖေဖော်ဝါ ၆ရက်မှာ စတင်ပြုလုပ် နေ တာဖြစ်ပြီး မြို့တွင်းမှာလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတာကြောင့် ဒေသခံတွေကို ပေါ်တာ ဆွဲ တာ၊မတရားဖမ်းဆီးတာတွေရှိလာမှာကိုလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုကြပါတယ်။

 “အခုဟာက တကယ်ကိုတိုက်ပွဲအကြီးအကျယ်ဖြစ်တော့မှာမို့ ပြင်ဆင်နေတဲ့ပုံစံမျိုးဆိုတော့ PDFတွေနဲ့ တိုက်ပွဲ ဖြစ်မှာလား၊ဒါမှမဟုတ် နှစ်နိုင်ငံစစ်ဖြစ်မှာလား၊အဲ့လိုပုံစံမျိုးတွေဖြစ်နေတော့ ကျွန်တော်တို့လည်း စိုးရိမ်နေတာ အမှန်ပဲ၊တကယ်စစ်ဖြစ်ရင် ပြေးဖို့တောင် တချို့က ပြင်ဆင်ပြီး အခြေအနေကိုစောင့်ကြည့် နေကြတယ်”လို့ ကော့ သောင်းမြို့နယ်နေ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကင်းလှည့်ရာမှာ ကျည်ကာဝတ်စုံအပြည့်အစုံဝတ်ဆင်ထားတာတွေအပြင် ကား ပေါ်မှာ လည်း စက်လက်နက်တွေ၊တာဝေးပစ်အမြှောက်တွေ၊ဗုံးပစ်လောင်ချာတွေပါ တပ်ဆင် ကင်းလှည့် နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အရင်က လှည့်ကင်းလှည့်တယ်ဆိုတာ ရဲကားတစီးနဲ့စစ်ကားတစီးလောက်ပေါ့၊လူဆိုလည်းအများဆုံးပါမှ ဆယ် ယောက်လောက်ပေါ့၊မနေ့ကမှ စပြီး ကင်းလှည့်နေတာက တောက်လျှောက်ပဲ”လို့နောက်ထပ် ကော့ သောင်းဒေသ ခံတဦးကလည်း ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း တခြားဒေသတွေနဲ့ ကော့သောင်းခရိုင်းအတွင်းမြို့နယ် တချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်တာတွေရှိခဲ့ဖူးပေမယ့် ကော့သောင်း မြို့နယ်အ တွင်းမှာ တော့ တိုက်ပွဲဖြစ်တာမရှိသေးပါဘူး။

ဒါပေမယ့် ကော့သောင်းမြို့မရဲစခန်းအပါအဝင်၊ ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေတော့ ရှိခဲ့ဖူးပါတယ်။

ကော့သောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက် ခိုက်ခံရတာ၊ယာဉ်တန်းတွေမိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ နှစ်ဘက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်တာ တွေ မကြာမကြာ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ လက်ရှိ ခုခံတွန်းလှန်မှုအားနည်း နေတဲ့ ဒေသတွေမှာ မကြာခင်စစ်မျက်နှာအသစ်တွေ ပွင့်လာဖို့ ရှိတယ်လို့ ဖေဖော်ဝါရီ(၅)ရက်က ပြုလုပ်တဲ့ တော်လှန် ရေးစကားဝိုင်းတခုမှာ ပြောထားပါတယ်။

“မကြာခင်မှာ ကျွန်တော်တို့ တော်လှန်ရေးဟာ ပိုပြီးကွက်ပြည့်လာလိမ့်မယ်၊တော်လှန်ရေး ခုခံတွန်းလှန်မှု အား နည်းနေသေးတဲ့ဒေသတွေမှာလည်း မကြာခင်မှာ စစ်မျက်နှာသစ်တွေ ပွင့်လာဖို့ရှိပါတယ်၊ တချိန် တည်း၊တပြိုင်တည်း တချီတည်းရုန်းနိုင်ဖို့ ညှိနှိုင်းပြင်ဆင်မှုဆောင်ရွက်ပြီးဖြစ်ပါတယ်”လို့ ဝန်ကြီး ဦးရည် မွန်ကပြောထားတာပါ။