ဆားတောင်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ဆေးတပ်ဖွဲ့ဝင်ရဲမေကို သင်္ဂြိုလ်ပြီးစီး၊တိုက်ပွဲဆက်ဖြစ်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့မှာ ဖေဖော်ဝါရီ (၅)ရက် မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံး သွားတဲ့ ဆေးတပ်ဖွဲ့ဝင် ရဲမေ မစုမွန်ထက်ကို ဒီကနေ့ သင်္ဂြိုလ်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲ လည်းဆက် ဖြစ်နေ တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုန်တိုင်းက DNA ကိုပြော ပါတယ်။

 ဆားတောင်မြို့မှာ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်တွေက ပစ် ခတ်ခဲ့ပြီးနောက် အကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဆက်ဖြ စ်ရာမှာ အ သက်(၂၀)အရွယ် မစုမွန်ထက် ကျဆုံးခဲ့တာပါ။

 “ဒီနေ့ပဲကောင်းမွန်စွာသင်္ဂြိုလ်ပြီးစီးပါတယ်၊သူကတက္ကသိုလ်ကျောင်းသူတဦးပါ၊ကျွန် တော်တို့နဲ့ ဆန္ဒပြထဲ က ရောတပ်ဖွဲ့ထဲကိုရောဝင်ခဲ့တဲ့သူပါ၊ဒီအဖွဲ့မှာပထမဆုံးဝင်လာတဲ့မိန်းကလေးလို့ပြောလို့ရပါတယ်၊အရှေ့မှာတိုက်နေ တုန်းအနောက်မှာဆက်တိုက်နေတဲ့ရဲဘော်တွေကိုဆေးကုရင်းကျဆုံးသွားတာပါ”လို့ ဗိုလ်မုန်တိုင်းက ပြော ပါတယ်။

 မနေ့က တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို လာကောက်တဲ့ စစ်ကောင် စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေ ဒီကနေ့ နေ့လယ် သုံးနာရီဝန်းကျင်မှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ဘက်က ခုနစ်ဦး ကျဆုံးသလို လေးဦးထက် မနည်းထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။

 မနေ့ကလည်း ကာကွယ်ရေးတပ်တွေက လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီ ဘက် က ဒုဗိုလ်တဦးအပါအဝင်လေးဦး၊သတင်းပေးလို့ဆိုသူ လင်မယားနှစ်ဦး သေဆုံးခဲ့ပါတယ်။အဲ့ဒီနောက်  သေဆုံး သူတွေရဲ့ အလောင်းတွေကို လာကောက်တဲ့ စစ်ကြောင်းကို ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်တာကြောင့် စုစုပေါင်း ဆယ်ဦးကျော်သေဆုံးတယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

 အဲ့ဒီတိုက်ပွဲတွေမှာ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊အုန်းတော Dragon GZ ၊ နွေဦးရောင်နီ ပြောက် ကျား တပ်ဖွဲ့ စတဲ့ မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။