မြောက်ဦးနန်းတော်ကုန်းမှာလမ်းခင်းနေတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်လို့ ပြန်လည် ရုတ်သိမ်းမယ်လို့ဆို

 

စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနဌာနဟာ မြောက်ဦးမြို့ ရှေးဟောင်းနန်းတော်ကုန်းမှာ လမ်းခင်းနေခဲ့ပြီး အဲဒီအပေါ် ဒေသခံပြည်သူတွေကြား ကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင်ဖြစ် ပေါ်ပြီး တဲ့နောက် ပြန်လည်ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦမြို့ နန်းတော်ကုန်းပထမထပ်မှာ သန့်ရှင်းသာယာလှပရေးစီမံချက် လို့ဆိုကာ စစ်ကောင်စီက လမ်းခင်းနေခဲ့တာဖြစ်ပြီး အဲဒီကိစ္စ ဒေသခံတွေနဲ့ ရခိုင်ပြည်သူတွေကြား ကန့်ကွက်မှု တွေ ကျယ်ကျယ်လောင်လောင်ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီလို လမ်းခမ်းနေတဲ့အတွက် မြောက်ဦးရှေးဟောင်းအမွှေအနှစ်ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့က ရှေးဟောင်း သုတေသနဌာနတာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး ဆက်မလုပ်သင့်ကြောင်း ပြောဆိုရာမှာ ခင်းလက်စလမ်းကို ပြန် ဖျက်ပေးမယ့်အကြောင်းအသိပေးတယ်လို့ ဆိုပါတယ်။

“နန်းတော်ကုန်းပထမဆင့်မှာ လမ်းခင်းစရာလည်း မလိုပါ၊ လမ်းခင်းဖို့ လိုကိုမလိုအပ်ဘူး၊အဲဒီအတွက်ကြောင့်မို့ လို့ ရှေးဟောင်းသုတေသနဌာနက တာဝန်ရှိတဲ့သူတွေနဲ့ ကျွန်မ သွားရောက်ဆွေးနွေးတဲ့အခါမှာ တာဝန်ရှိတဲ့လူက ဒီ လမ်းကို ပြန်ဖျက်ပေးပါမယ်လို့ ဆိုပါတယ်၊သူတို့ ပြန်ရုတ်ပါမယ်”လို့ မြောက်ဦးရှေးဟောင်းအမွှေအနှစ်ထိမ်းသိန်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းက DNA ကို ပြောပါတယ်။

အခုလိုမျိုး မလိုအပ်တဲ့နေရာမှာ လမ်းခင်းတာဟာ နန်းတော်ကုန်းရဲ့ ဥပဓိရုပ်နဲ့ မြင်ကွင်းကို ထိခိုက်နိုင်တဲ့အတွက် နောက်ထပ် ဒီလိုအမှားမျိုး ထပ်မလုပ်ဖို့အတွက်လည်း မေတ္တာရပ်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒီလိုအမှားမျိုး နောက်ထပ်မဖြစ်အောင်အတွက် သန့်ရှင်းသာယာလှပရေးစီမံချက်မှာ နောက်ထပ်ဘာတွေပါလဲဆို တာ ကျွန်မတို့ကို ချပြပေးပါ၊ ပြီးလို့ရှိရင် ပြည်သူလူထုကို သိအောင်အတွက်လည်း awareness ပေးပါလို့ တောင်း ဆိုခဲ့ပါတယ်။ သူတို့အနေနဲ့လည်း လက်ခံပါတယ်”လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသနဌာနဟာ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက နန်းတော် ကုန်းပေါ်မှာ လမ်းခင်းဖို့ ကျောက်တွေ စီနေခဲ့တာဖြစ်ပြီး ဒါဟာ စစ်ကောင်စီက ရခိုင်လူမျိုးတွေ တန်ဖိုးထားရာ ရှေး ဟောင်းအမွှေအနှစ်တွေကို ဖျက်ဆီးဖို့ကြိုးစားနေတာဖြစ်တယ်လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

“မြို့ခံတွေကိုလည်း ဘာမှမတိုင်ပင်ဘဲ လျှောက်လုပ်နေတာ၊အရင်တစ်ခေါက် ထုက္ကသိမ်မှာလည်း ဓါတ်တိုင်တွေ စိုက်ပြီးပြီ”လို့ သူက ဆိုပါတယ်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်အဖြစ် အသိအမှတ်ပြု ခံရဖို့ ကြိုးစားနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ အဆိုပြုလွှာမူ ကြမ်းတင် သွင်းခဲ့ပါတယ်။ အဲဒီအပေါ် ယူနက်စကို ပညာရှင်တွေက လာရောက်စစ်ဆေး ရမှာဖြစ်ပါတယ်။