ပုဏ္ဏားကျွန်းမှာ အရက်မူးနေသူက ဗုံးသီးကိုဆော့ကစားရာကပေါက်ကွဲလို့ ဆယ်ကျော်သက် နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ပုဏ္ဏာကျွန်းမြို့နယ်၊ကုန်တန်းကြိန်ချောင်းရွာမှာ ဒေသခံတဦးက အရက်မူးပြီး ဗုံးသီးကို ဆော့က စားနေရာကနေ ပေါက်ကွဲသွားလို့ ဆယ်ကျော်သက်အရွယ် ကျောင်းသားနှစ်ဦး သေဆုံးပြီး၊ လေးဦး ဒဏ်ရာရ သွား တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကုန်တန်းကြိန်ချောင်းရွာထဲက ကုန်စုံဆိုင်တခုမှာ ဖေဖော်ဝါရီ (၃) ရက် မနေ့က ည(၈)နာရီကျော်လောက်မှာ ကျောင်းသားလူငယ်တွေ စျေးလာဝယ်ချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။

“ကျောင်းသားကလေးတွေက ဆိုင်ကို ရောက်နေကြတယ်၊အဲဒီမှာ သူက အရက်မူးပြီးတော့ ဗုံးသီးကို ကိုင်ဆော့ပြ တာ၊ စနက်တံကိုလည်း ပြုတ်သွားတယ်၊အဲမှာ ပေါက်သွားတာပါ၊ကလေးတွေရော၊ ဗုံးသီးယူလာတဲ့သူရော၊ ဆိုင် ရှင်ရော ဒဏ်ရာရတယ်၊ကလေးနှစ်ယောက်ကတော့ ဆေးရုံမှာ ဆုံးသွားပါတယ်”လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ကလေးငယ်တွေဟာ အသက် ၁၃ နှစ်နဲ့၁၄ နှစ်အရွယ်တွေဖြစ်ပြီး နောက် ထပ် ဒဏ်ရာရကျောင်းသားနှစ်ဦးဟာလည်း အသက် ၁၂ နှစ်အရွယ်တွေဖြစ်တယ်လို့ ရွာသားတွေက ပြောကြပါတယ်။

“ဒဏ်ရာရတဲ့သူတွေက ပုဏ္ဏားကျွန်းဆေးရုံမှာပါ၊ဒဏ်ရာပြင်းကြပါတယ်၊ခြေတွေ၊ လက်တွေမှာ ဗုံးစတွေ အများ ကြီးမှန်သွားတယ်”လို့ နောက်ထပ်ရွာသားတဦးက ပြောပါတယ်။ဗုံးသီးကို ဆော့ကစားတဲ့သူဟာ အဲ့ဒီဗုံးသီးကို ဘယ်က ရလာတယ်ဆိုတဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ရခိုင်မှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲလို့ ထိခိုက်၊ သေဆုံးရသူမှုတွေဟာ မကြာခဏရှိနေ ပါ တယ်။

ပြီးခဲ့တဲ့နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်ကလည်း မောင်တောမြို့နယ်မှာ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ငှက်သွား ထောင်ရာက မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက်ကလည်း မင်းပြားမြို့နယ်မှာ ထင်းသွားခုတ်သူတဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ ထင်းသွားခုတ်ချိန် မိုင်းနင်းမိလို့ ရိုဟင်ဂျာက လေးငယ် တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။