စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ထီးဆောင်းကျေးရွာမှာ စစ်ကောင်စီက အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အ ခြေ စိုက် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက DNA ကိုပြောပါတယ်။
အဲ့ဒီစစ်အခြေစိုက် စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ(၄)ရက် မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် သုံး နာရီ လောက်မှာ စခန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
“စခန်းသိမ်းတိုက်ပွဲအနေနဲ့ ဒါကပထမဆုံးအောင်မြင်ခြင်းပါဗျ၊စခန်းကိုအလုံးစုံသိမ်းနိုင်တယ်၊စစ်အုပ်စုက စခန်း ကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက် အကုန်လုံးမွှေနောက်ရှင်းလင်းပြီး မီးရှို့နိုင်ခဲ့တယ် ” လို့ ကိုသက်ကြီးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၁၅ဦးသေဆုံးခဲပြီး သေနတ် နှစ်လက်အပါအဝင် ကျည်နဲ့ စစ်အသုံးအဆောင် ပစ္စည်း တွေသိမ်းဆည်းရခဲ့တယ်လို့ ကိုသက်ကြီးကဆိုပါတယ်။ အဲ့ဒီအခြေစိုက်စခန်းမှာ စစ်ကောင်စီဘက်က အင်အား လေးဆယ်ဝန်းကျင်နဲ့ တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။
“စခန်းက ဘန်ကာတွေ ဘာတွေနဲ့ အခိုင်အမာဆောက်ထားတာပါ၊စခန်းထဲ အလောင်းတွေကို ကျွန်တော်တို့ ကိုယ်တိုင်တွေ့ခဲ့တာပါ၊ထွက်ပြေးတဲ့ကောင်တွေနောက် လိုက်ပစ်ခဲ့ပေမယ် ဂျက်ဖိုက်တာ လာတဲ့အတွက် ဆက် မလိုက်တော့တာပါ ” လို့ ကိုသက်ကြီးကပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်ကလည်း နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ထီးဆောင်းရွာက ဒေသခံ ပြည်သူတဦး သေဆုံးသွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ DNA ဥ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီစခန်းသိမ်းတိုက်ပွဲကို (၄)ခရိုင်၊(၄)ရင်းစစ်ဆင်ရေးအဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇)မြင်းခြံခရိုင်၊ တပ်ရင်း(၁၉)ရွှေဘိုခရိုင်တပ်ရင်း(၂)စစ်ကိုင်းခရိုင်၊တပ်ခွဲ(၂)GTR(မြင်းမူ) နှင့်တပ်ရင်း(၁)ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်) မဟာမိတ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။