စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်တံတားဦးကျေးရွာကို ဖေဖော်ဝါရီ (၃)ရက်မနက်ပိုင်းမှာ ဝင်လာတဲ့ စစ်ကောင်စီ တပ်က သေနတ်ရမ်းသမ်းပစ်ခတ်လို့ ခြောက်နှစ်အရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ စစ်ကိုင်းနယ်အခြေ စိုက် တိုက်နယ်စွန် PDF အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက တံတားဦးရွာထဲဝင်လာကာ နေအိမ်တအိမ်ကို မွှေနှောက်ရှာဖွေခဲ့ပြီးနောက် အ ကြောင်းမဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။
“ပစ်တော့အပင်နောက်မှာသွားပုန်းတာ၊ပုန်းနေတဲ့အချိန်မှာကလေးကသူ့ကိုလူကြီးတွေလာကြိုတဲ့လူကြီးမြင်တော့လူကြီးဆီပြေးသွားတာမှာထိတာ”လို့ တိုက်နယ်စွန် PDF အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြော ပါ တယ်။
ပစ်ခတ်မှုကြောင့် ကလေးငယ်ဟာ ခါးကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကလေး ငယ်သေဆုံးအောင်ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့နယ်၊တာတိုင်ရွာ ကို မီးရှို့ဖျက်ဆီးလို့ နေအိမ်ခြောက်ဆယ်ဝန်းကျင် ပြာကျသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါ တယ်။
အဲ့ဒီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ငါးဦး လည်း သေဆုံးခဲ့တယ်လို့ တိုက်နယ်စွန် PDF ကပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စုအတွင်း တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီက စစ်ကြောင်း ထိုးတာ တွေကြောင့် လူဦးရေ လေးရာကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။