ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ပေါ်မှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ မနွယ်သန္တာဝင်း အမှုအတွက် ဖမ်းဆီးတရားစွဲဆိုထားသူကိုရခိုင့်တပ်တော်(AA)ရဲ့ ဒေသတရားရုံးတခုကနေ လူသတ်မှုပုဒ်မနဲ့ မသေ မချင်းကြိုးကွင်းစွပ် သတ်ဖို့ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ အမှုမှာ လိုက်ပါကူညီပေးနေသူတွေက DNA ကိုပြောပါတယ်။
မနွယ်သန္တာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဩဂုတ် (၁၅) ရက်က စစ်တွေမြို့မှာရှိတဲ့ Luminous/livguard ပလပ် စတစ် ပစ္စည်းနဲ့ လူသုံးကုန်အရောင်းဆိုင်ထဲမှာ ရိုက်နှက်၊ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီဖြစ်စဉ်အ တွက် ဆိုင်မန်နေဂျာဖြစ်ကို AA က ဖမ်းဆီးတရားစွဲဆိုကာ အမှုစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။
“ဒီနေ့ အပြီးသတ်အမိန့်ချမှတ်ပါတယ်၊ သေဒဏ် ကြိုးမိန့်ချပါတယ်၊ပြစ်ဒဏ်အပေါ်မှာ မိသားစုက ကျေနပ်ရင် ကျွန်မတို့လည်း ကျေနပ်ပါတယ်၊နောက်မဖြစ်အောင် သတိထားနိုင်ဖို့ပေ့ါ”လို့ အမှုမှာ လိုက်ပါကူညီနေတဲ့ အမျိုးသ မီးအရေးလှုပ်ရှားသူတဦးက DNA ကို ပြောပါတယ်။
နောက်ထပ်အမျိုးသမီးတွေအပေါ် အခုလိုမျိုး မကျူးလွန်ရဲကြအောင် ကြီးလေးတဲ့ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတွေနဲ့ အမှုကို ဝန်းရံသူတွေက ထောက်ပြတောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။
အခု သေဒဏ်ချမှတ်ခံရတဲ့ ဆိုင်မန်နေဂျာကို လူသတ်မှုပုဒ်မ ၃၀၂(၁) ပုဒ်မခွဲငယ်(ဂ)နဲ့ AA တရားရုံးက စွဲချက် တင် ထားခဲ့တာဖြစ်ပြီး ပြစ်ဒဏ်အမိန့်အပေါ်မှာ အထက်တရားရုံးတွေဆီ အယူခံဆက်တက်လို့ရကြောင်း AA ပြော ခွင့်ရ ခိုင်သုခက ဒေသတွင်း မီဒီယာတွေကိုပြောထားပါတယ်။
ဒါဟာ AA က စီရင်ဆုံးဖြတ်ခဲ့တဲ့ အမှုတွေထဲမှာ ပထမဆုံး သေဒဏ်ပေးတဲ့အမှုတစ်ခုဖြစ်ကြောင်း AA နဲ့ နီးစပ်သူ တွေက ပြောကြပါတယ်။
“အရင်က အရပ်သားတွေကို သေဒဏ်ချတာမျိုး မရှိဘူး။ တပ်ထဲမှာတော့ မုဒိန်းမှုတို့၊ ဘာတို့ဆိုရင် သေဒဏ် ပေး တာ ရှိတယ်၊အရပ်ဖက်က အမှုတွေကို စစ်ဆေးပြီး သေဒဏ်ပေးတာက ဒါ ပထမဆုံးအမှုလို့ ထင်တယ်”လို့ AA တ ရားရုံး တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
AA အနေနဲ့ သေဒဏ်အမိန့်ချမှတ်ထားသူတွေကို ဘယ်လိုမျိုးစီရင်လဲဆိုတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မ သိရပါဘူး။ AA တပ်ဖွဲ့အတွင်းမှာတော့ သေဒဏ်ပြစ်မှုထိုက်သူတွေကို သေနတ်နဲ့ ပစ်ခတ်စီရင်တာမျိုးတွေ ရှိခဲ့ ကြောင်း AA စစ်ဦးချုပ်က အင်တာဗျူးတွေမှာ ဖြေထားတာရှိပါတယ်။
မနွယ်သန္တာဝင်းဟာ ပြည်နယ်စစ်ကောင်စီရုံးအနီး ပြည်တော်သာရပ်ကွက်မှာရှိတဲ့ Luminous/livguard ပလပ်စ တစ်ပစ္စည်းနဲ့ လူသုံးကုန်အရောင်းဆိုင်မှာ အလုပ်လုပ်နေခဲ့တဲ့ ဝန်ထမ်းတဦးဖြစ်ပြီး အသတ်မခံရခင်က အဓမ္မပြု ကျင့်မှုကိုပါ ခံခဲ့ရကြောင်း အမှုမှာ လိုက်ပါကူညီပေးနေသူတွေက ပြောဆိုထားကြပါတယ်။