ရန်ကုန်မြို့မှာ ဒီကနေ့ ဖေဖောဝါရီ(၃)ရက် မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ ဆယ်နာရီဝန်းကျင်အချိန် အတွင်း မြို့နယ်သုံးခုမှာ မီးလောင်မှုသုံးမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရ ပါတယ်။
မှော်ဘီ၊သင်္ဃန်းကျွန်းနဲ့ အင်းစိန်မြို့နယ်တို့မှာ ဒီကနေ့ မနက်အစောပိုင်း သုံးနာရီခွဲကနေ နေ့လယ် ၁နာရီခွဲအထိ ဆယ်နာရီကြာ ကာလအတွင်း မီးလောင်မှုသုံးခုဖြစ်ခဲ့တာပါ။
အဲ့ဒီမီးလောင်မှုတွေထဲက မှော်ဘီမြို့နယ်၊ဖူးကြီးကျေးရွာက မီးလောင်မှုနဲ့ အင်းစိန်မြို့နယ် ကြို့ကုန်း ငါးလုပ်ငန်းဦး စီးဌာနဝန်းတွေထဲက မီးလောင်မှုတွေကို မီးလောင်မှုအဆင့်(၁)အဖြစ် သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီးဖြစ်စဉ်နှစ်ခုလုံးကို ဆယ်မိနစ်ခန့်အတွင်းငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ဦးစံဖေရပ်ကွက်မှာ ဒီကနေ့ မနက် ၁၁နာရီခွဲဝန်းကျင်က ဖြစ်ခဲ့တဲ့ မီးလောင်မှုကိုတော့ မီး လောင်မှုအဆင့်နှစ် အဖြစ်သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းချိန် နာရီဝက်ဝန်းကျင်ကြာခဲ့တယ်လို့ မီးသတ် တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
သင်္ဃန်းကျွန်း မြို့နယ်၊ဦးစံဖေရပ်ကွက်မီးလောင်မှုဟာ ကုန်စုံဆိုင်တဆိုင်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မီးများ တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ဒီကနေ့ဖြစ်ခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ထိ ခိုက်ဆုံးရှုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဗိုလ်တထောင်မြို့နယ်မှာလည်း ဖေဖော်ဝါရီ(၂)ရက် မနေ့က ညနေ လေးနာရီခွဲဝန်းကျင်မှာ မီးလောင်မှုတ ခုဖြစ်ခဲ့လို့ ဆယ်မိနစ်ဝန်းကျင်ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။