ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်းလူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာသောင်တင်နေတဲ့ မြန်မာလုပ်သား ၆၇၀ကို ထိုင်းအာဏာပိုင်တွေကစစ်ကောင်စီနဲ့ညှိနှိုင်းပြီး ဖေဖော်ဝါရီလ ၂ ရက် မနေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။
တရားမဝင်ဝင်ရောက်မှုနဲ့ ရနောင်းမြို့ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားတွေဟာ လွတ်ရက်စေ့ပေမယ့် ပြန်လွှတ်မပေးသေးပဲ လေးလကနေ ခုနှစ်လအထိ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဆန္ဒပြခဲ့ကြလို့ သူတို့ကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့ဖို့ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဖေဖော်ဝါရီလ ၂ ရက် မနေ့က ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။
အလုပ်သမားတွေဟာ လွတ်ရက်စေ့ပေမယ့် ငွေကြေးမတက်နိုင်တာကြောင့် ပြစ်ဒဏ်ကာလကျော် လွတ်ပေမယ့် ငွေကြေးတက်နိုင်သူတွေသာ သူတို့ကိုယ်စားလွတ်မြောက်သွား ကြတယ် လို့အခု လိုသောင်တင်နေခဲ့တာလို့ လည်း ဒေသတွင်းသတင်းမီဒီယာတွေက ဆိုပါတယ်။
အမျိုးသား ၅၃၄ ဦး၊ အမျိုးသမီး ၁၃၆ ဦး စုစုပေါင်း မြန်မာလုပ်သား ၆၇၀ ဦးကို စစ်ကောင်စီ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီးဒီလိုကြိုဆိုတာ ဒီတကြိမ် ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။