စစ်တပ်ကအမျိုးသားတဦးကိုဖမ်းသွားပြီးနောက် ဒဏ်ရာတွေနဲ့အလောင်းသာမိသားစုဆီပြန်ပို့

ကရင်အမျိဒးသားအစည်းအရုံး၊ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ ဆောထိမြို့နယ်ထဲက ဒေသခံ ပြည်သူတဦးက စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာမှာ အညိုအမဲစွဲဒဏ်ရာတွေနဲ့ ရုပ်အလောင်းကိုသာ မိသားစုဆီပြန် ပို့ခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်၊ဆိတ်ကလေးဆူးတောရွာကအသက်လေးဆယ်အရွယ်  ကိုကျော်ဇင် လတ်(ခ)ရှမ်းကြီး ဆိုသူအမျိုးသားကို စစ်ကောင်စီက ဇန်နဝါရီ(၂၂)ရက်မှာ ဖမ်းဆီးသွားကာ သုံးရက်ကြာ စစ် ကြောခဲ့ပြီးနောက် ဇန်နဝါရီ(၂၅)ရက်မှာ မိသားစုဆီ ရုပ်အလောင်းပြန်ပို့ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ စေခိုင်းချက်အရ သိမ်ဇရပ်နာရေးကူညီမှုအသင်းက မိသားစုဆီ ပြန်ပို့လာတဲ့ ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီး ရုပ်အလောင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်လို့ KNU က ဓာတ်ပုံနဲ့တကွထုတ် ပြန် ပါတယ်။

အဲ့ဒီဒေသခံအမျိုးသားကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ဆေးနေချိန်အတွင်း မိသားစုနဲ့ တွေ့ဆုံခွင့်မပေးခဲ့ ဘူးလို့လည်း ဖော်ပြထားပါတယ်။ကိုကျော်ဇင်လတ်(ခ)ရှမ်းကြီးဟာ ကယ်ရီသမားတဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့အမျိုးသားဟာ ဇန်နဝါရီ(၂၂)ရက်က သိမ်ဇရပ်မြို့က စစ်ကောင်စီ (၂၀၇) တပ်ရင်းရှေ့ကွမ်းယာဆိုင်ကို ရောက်နေချိန် ကွမ်းယာရောင်းတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေ တာနဲ့ ပတ်သက်ပြီး ကိုကျော်ဇင်လတ်က PDF ဆီခေါ်သွားတာဖြစ်ကြောင်း စွပ်စွဲခဲ့တယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီလို စွပ်စွဲအငြင်းပွားနေကြချိန်မှာ ကွမ်းယာဆိုင်ထဲရှိနေတဲ့ စစ်ကောင်စီ အရာရှိတဦးက ကိုကျော်ဇင်လတ်ကို ၂၀၇ တပ်ထဲ ဖမ်းခေါ်သွားရာက မိသားစုဆီအလောင်းပဲ ပြန်ရောက်လာတာြဖစ်တယ်လို့ ဆိုပါတယ်။

ဆောထိမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ဇန်နဝါရီ(၂၂)ရက်မှာပဲ လယ်ဒိုမြို့နယ် ထုံးတံတားရွာက အသက်(၃၀နဲ့ (၃၅)နှစ်အရွယ် အသီးသီးရှိတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်း ဆီးသွားတယ်ဆိုတာ မသိရသလို လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။