ဘုရင်ကို စော်ကားကြောင်း စွဲချက်နဲ့ ထိုင်းအမျိုးသား တစ်ဦးကို ထောင်ဒဏ် နှစ်ဆယ့်ရှစ်နှစ် ချမှတ်

Thai King Maha Vajiralongkorn, left and Queen Suthida, right meet supporters after attending a ceremony to mark an anniversary of the death of King Vajiravudh in Bangkok, Thailand, Wednesday, Nov. 25, 2020. (AP Photo/Rapeephat Sitichailapa)

ထိုင်းဘုရင်ကို ပုတ်ခတ် စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား တစ်ဦးကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး အွန်လိုင်းကနေ အဝတ်အထည်တွေ ရောင်းချနေတဲ့ မွန်ကိုလ် တီရာကိုတီဟာ ထိုင်းဘုရင်နဲ့ တော်ဝင် မိသားစုကို အွန်လိုင်းကနေ စော်ကားတဲ့ ပို့စ်တွေ တင်ခဲ့ကြောင်း သီးခြား စွဲချက် နှစ်ခုအတွက် အပြစ်ရှိတယ်လို့ ချင်းရိုင်ခရိုင် တရားရုံးက အခုသီတင်းပတ်မှာ ဆုံးဖြတ်ပြီး ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ 

မူလက မွန်ကိုလ်ရဲ့ ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၄၂ နှစ်ထိ ဖြစ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဝန်ခံ ထွက်ဆိုချက်အရ လျှော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ တော်ဝင်မိသားစုအပေါ် စော်ကားရင် ချမှတ်တဲ့ ပြစ်ဒဏ်တွေဟာ အလွန်အကျွံ ပြင်းထန်ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။ 

မွန်ကိုလ်ရဲ့ ရှေ့နေတွေကတော့ ပြစ်ဒဏ်အပေါ် အယူခံဝင်ပြီး ဘတ်ငွေ ၃ သိန်းလောက်နဲ့ အာမခံ ရနိုင်ဖို့ ဆက်ကြိုးစားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မွန်ကိုလ်ဟာ ဘုရင်ကို နာမည်ဖျက်တယ်ဆိုတဲ့ တတိယမြောက် စွဲချက် တစ်ခုအတွက်လည်း မတ်လမှာ ထပ်မံ တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ဘုရင်နဲ့ တော်ဝင် မိသားစုကို ပြစ်မှားလို့ ထောင် ၂၈ နှစ် ချမှတ် ခံရတယ် ဆိုတာဟာ အဲဒီ စွဲချက်နဲ့ ပတ်သက်လို့ ဒုတိယ အပြင်းထန်ဆုံး ပြစ်ဒဏ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ရဲ့ အကြီးတန်း သုတေသီ ဆူနိုင် ဖာဆွတ်ခ်က ပြောပါတယ်။ 

၂၀၂၁ တုန်းကလည်း ထိုင်းတရားရုံး တစ်ခုဟာ အန်ချန်ဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ ထိုင်းဘုရင်ကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၄၃ နှစ်ထိ ချမှတ်ခဲ့ဖူးကြောင်း သိရပါတယ်။

Delta News

Read Previous

ယူကရိန်းဆီ နည်းပညာ အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့မှာလို့ အမေရိကန် အတည်ပြု

Read Next

Non-CDM ဝန်ထမ်းတွေကိုချွင်းချက်မရှိ ထုတ်ပယ်ဖို့ CDM ဝန်ထမ်းတွေလိုလား