ရန်ကုန်မြို့အတွင်းက ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိကို စစ်ကောင်စီဘက်က တရားဝင် စစ်ဆေးမှုတွေလုပ်နေတဲ့အပြင် အသွင်ယူစုံစမ်းမှုတွေပါလုပ်နေတယ်လို့ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတချို့က DNA ကိုပြောပါတယ်။
“လူနာလာပြသလိုလို၊ဆေးလာဝယ်တာလိုလိုနဲ့လာပြီး စုံစမ်းနေတာတွေလည်းရှိတယ်၊ကျွန်မတို့လည်း သေချာမ ကြည့်ရဲဘူး၊ဆရာဝန်တွေ၊သူနာပြုတွေဖြတ်သွားရင် သူတို့ဖုန်းကိုကြည့်လိုက်၊မျက်နှာတွေကို လိုက်ကြည့်လိုက်နဲ့ လုပ်နေတာတော့တွေ့တယ်”လို့ ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေ အလုပ်လုပ်ကိုင်တာရှိ၊မရှိနဲ့ ဝန်ထမ်းအင်အားစာရင်းကို မြို့နယ်ရဲ တပ်ဖွဲ့နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက တောင်းခံတာအပြင် လူကိုယ်တိုင် မြေပြင်ထောက်လှမ်း တာတွေပါ လုပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အခု ကျွန်မတို့ဆီကိုဆိုရင် သူတို့က ဆေးရုံပိုင်ရှင်တွေ၊ဆေးရုံအုပ်တွေဆီကနေတဆင့် ဝန်ထမ်းအင်အားစာရင်း တွေတောင်းနေတယ်၊ဌာနအလိုက်ပေါ့၊အထူးကုဆရာဝန်တွေ၊ဆရာဝန်ငယ်တွေ၊သူနာပြုအကုန်လုံးကို တောင်း ထားတယ်၊CDMလုပ်ထားတဲ့ဝန်ထမ်းတွေရှိရင် အလုပ်မခန့်ဖို့ကိုပါ ပြောထားတယ်”လို့ ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာရန်ကုန် မြို့နယ်တွေအတွင်းက ဆေးခန်းတွေနဲ့ ဆေးဆိုင်တွေကိုပါ စုံစမ်းနေတာ တွေရှိ နေပြီး ရပ်ကွက်အလိုက်ဆေးခန်းတွေနဲ့ဆေးဆိုင်တွေကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကနေတဆင့် စောင့်ကြည့် တာတွေလုပ်နေတယ်လို့ လှိုင်မြို့နယ်အတွင်းက ပုဂ္ဂလိက ဆေးခန်းတခုမှာ လုပ်ကိုင်နေတဲ့ သူနာပြုအကူအမျိုး သမီးတဦးကပြောပါတယ်။
“ဆယ်အိမ်မှူးကနေတဆင့် ဆရာဝန်ဘယ်နဦးရှိလဲ၊ဘယ်သူတွေလည်း ၊ဘယ်ကနေလာတာလဲ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးက တောင်းခိုင်းလို့ဆိုပြီး လာတောင်းတာ၊ ကျွန်မပိုင်ရှင်မဟုတ်ဘူး၊ဆရာတို့လာရင်ပြောလိုက်မယ်ပြောမှ ပြန်သွားတယ်”လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ဆေးရုံ၊ဆေးခန်းတွေက ဆရာဝန်၊သူနာပြု၊ကျန်းမာရေးဝန်ထမ်းနဲ့ပုဂ္ဂလိက စသင်ကျောင်းတွေက CDMဝန်ထမ်းတွေရဲ့ စာရင်းနဲ့ အလုပ်ခန့်အပ်တာတွေရှိရင် ချိတ်ပိတ်ဖို့အတွက် စစ်ကောင်စီက လုပ်ဆောင် နေပြီး လက်ရှိမှာလည်း မြေပြင်စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲ့ဒီမြေပြင်စစ်ဆေးရေးအဖွဲ့တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးအဆင့်တဦးနဲ့မြို့နယ် ကျန်းမာရေးဦးစီးမှူး ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊မြို့နယ်ပညာရေးမှူးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ တပ်ဖွဲ မှူးတို့ပါဝင်တယ်လို့ သိရပါတယ်။
Photo – Social Media