ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) ရပ် ကွက်၊ စိန်ပန်းမြိုင် (၁)လမ်းက နေအိမ် တလုံးမှာ ဒီကနေ့ ဇန်နဝါရီ (၂၅)ရက် မနက် ၂နာရီကျော်က မီးလောင်မှုဖြစ်ရာက တအိမ်တည်းနေသူ လေးဦး သေဆုံးသွားတယ်လို့သိရပါတယ်။
“ကျွန်တော်တို့ကို အကြောင်းကြားတာက မနက် သုံးနာရီလောက်မှ၊ ကျွန်တော်တို့ရောက်တော့ မိ သားစုလိုက်Dead body ကို တံခါးဖျက်ဝင်ပြီး ယူရတယ်၊သူတို့လည်းတံခါးဖွင့်မရလို့ပိတ်မိပြီးဆုံးသွားတဲ့သဘောရှိတယ်”ဇဗ္ဗူဒီပါလူမှုကူညီ ရေးအသင်း တာဝန်ရှိသူတဦးက DNA ကိုပြော ပါတယ်။
မီးလောင်မှုကြောင့်သေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုတော့မြောက်ဥက္ကလာ မေဓာဝီဆေးရုံ အ အေးခန်းကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သူက ပြောပါတယ်။
မီးလောင်မှုအတွင်းသေဆုံးသူတွေဟာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးဖြစ်ပြီး ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်တယ်လို့သိထားကြောင်း မြောက် ဒဂုံမှာနေထိုင်သူတဦးကပြောပါတယ်။
“မီးကမနက်နှစ်နာရီလူတွေအိပ်မောကျနေချိန်မှာလောင်တာဆိုတော့မီးလောင်တာကိုမသိလိုက်ကြတာ “ လို့သူကပြောပါတယ်။
အဲ့ဒီမီးလောင်မှုကို Level 1အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး နာရီဝက်ဝန်းကျင်ကြာ ငြှိမ်း သတ် ခဲ့ရတယ်လို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။