PR စနစ်ရွေးကောက်ပွဲနဲ့ တင်းကျပ်လာမယ့် ပါတီမှတ်ပုံတင်ဥပဒေ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို လက်ရှိထက် ပိုမို တင်းကျပ်တဲ့ ဥပဒေတရပ်အဖြစ် မြင်တွေ့လိုနေပါတယ်။ဒီအချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူ့ရဲ့ပြောစကားတွေအရ သိနိုင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ နအဖ စစ်အစိုးရလက်ထက်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေတွေဟာ လျှော့ပေါ့ပေးထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လျှော့ပေါ့ရတဲ့ အကြောင်းရင်းကိုတော့ အရင်စစ်အာဏာရှင်တွေက ဒီမိုကရေစီအမြန်ရစေလိုလို့၊ နိုင်ငံသားတွေကို ဒီမိုကရေစီအတွေ့အကြုံတွေရစေလိုလို့ဖြစ်ကြောင်း သူကဆိုပါတယ်။ တကယ်တော့ ဒီအချက်က ချွင်းချက်မရှိ အမှန်တရားတခုမဟုတ်ပါဘူး။

စစ်အာဏာရှင်အစိုးရတွေက သူတို့အနေနဲ့ ဒီမိုကရေစီလိုလား၊အားပေးကြောင်းပြချင်လို့ နိုင်ငံရေး ကစားပွဲမှာ လို သလိုအသုံးချနိုင်ဖို့အတွက်လည်းဖြစ်တယ်လို့ ဆိုတာက ပိုပြီးမှန်မှာပါ။

လက်ရှိတည်ဆဲ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေဟာ နအဖခေတ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပြဌာန်းခဲ့တဲ့ ဥပဒေ တွေကို ပြင်ဆင်ဖြည့်စွက်ချက်တချို့နဲ့ ဆက်လက်သုံးစွဲနေတာဖြစ်ပါတယ်။

ဒီဥပဒေတွေအရ မှတ်ပုံတင်ခွင့်ရ နိုင်ငံရေးပါတီအများအပြားရှိနေပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ အရေ အ တွက်က အနည်းစုသာရှိနေတာ၊ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုအားနည်းနေတာ စတဲ့အချက်တွေကို စစ်ခေါင်းဆောင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေကို အခုထက်ပိုပြီး ကျစ်ကျစ်လစ်လစ်၊စနစ်တကျ ဖွဲ့စည်းနိုင်ဖို့လိုအပ်ပြီး ပါတီမှတ်ပုံတင် ဥပဒေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆေင်မင်းအောင်လှိုင်က သူခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ညွှန်ကြားချက်ပေးပါတယ်။

အဲ့ဒီလို ပြောဆိုခဲ့တာကိုကြည့်ရင် စစ်ခေါင်းဆောင်အနေနဲ့ သူ့လက်ထက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မှတ် ပုံ တင် ခွင့်ရပါတီ၊တနည်းအားဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီလျော့နည်းသွားစေဖို့အတွက် ပါတီ မှတ်ပုံတင် ဥပဒေ ကို တင်းကျပ်စေလိုနေကြောင်း ပေါ်လွင်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ငါးနှစ်တာကာလနဲ့ လက်ရှိအာဏာသိမ်းကာလအတွင်း နိုင်ငံရေးပါတီတွေ ရဲ့ လှုပ် ရှားမှုတွေကိုကြည့်ရင် ပါတီတွေများတဲ့အပေါ် အခွင့်အရေးယူနိုင်ငံရေးကစားခဲ့တာက စစ်အုပ်စု ကျောထောက် နောက်ခံ ပြည်ခိုင်ဖြိုးပါတီဖြစ်ပါတယ်။

NLD အစိုးလက်ထက်တလျှောက်နဲ့ လက်ရှိအာဏာသိမ်းကာလအတွင်း နိုင်ငံရေးပါတီ နှစ်ဆယ်ကျော်၊ သုံးဆယ် ကျော်တို့ရဲ့ ထုတ်ပြန်ချက်ဆိုတာတွေကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ထုတ်ပြန်ခဲ့တာပါ။ ဒီအရေအတွက်အပေါ် လူထုအနေနဲ့ ထင်သလောက်အလေးထားမှုမပြပေမယ့် ပြည်ခိုင်ဖြိုးနဲ့ မဟာ မိတ်နိုင်ငံရေး အင်အားစုတွေကတော့ အလေးထားသင့်တဲ့အချက်တခုအဖြစ် ကိုင်စွဲခဲ့ကြပါတယ်။

ဒီတော့ စစ်ကောင်စီက လုပ်မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေးပါတီမှတ်ပုံ တင်ဥ ပဒေကို တင်းကျပ်ဖို့ အလိုရှိနေတဲ့သဘော စစ်ခေါင်းဆောင်က ဘာကြောင့် ထုတ်ပြောလာသ လဲဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့လက်ထက် ကျင်းပမယ့် ရွေးးကောက်ပွဲကို အချိုးကျ ကိုယ်စား ပြုစနစ် (PR)နဲ့ ကျင်းပမယ်လို့ ကြေညာထားပါတယ်။အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ နိုင်သူ အကုန် ယူ စနစ်ကျင့် သုံးခဲ့တာပါ။

တမဲသာတာနဲ့ လွှတ်တော်ကိုယ်စားလှယ်ထိုင်ခုံတနေရာ အနိုင်ရတဲ့စနစ်ပေါ့။အချိုးကျကိုယ်စားပြုစနစ်အရ ရွေးကောက်ပွဲကတော့ ရလာတဲ့ ထောက်ခံမဲတွေအပေါ် ပါတီအလိုက်အချိုးကျ တွက်ချက်ပြီး လွှတ်တော် နေရာ တွေ ခွဲဝေပေးရမှာပါ။

အဲ့ဒီလို ထောက်ခံမဲပမာဏအလိုက် အမတ်နေရာတွေခွဲဝေရရှိမှာဖြစ်တာကြောင့် တိုင်းရင်းသားနိုင်ငံ ရေးပါ တီ တွေအတွက် အခွင့်အလမ်းတွေပိုရလာမယ်လို့ဆိုကာ မင်းအောင်လှိုင်က သူ့လက်ထက်မှာ ပြောင်းလဲ ကျင့်သုံးမယ် PR စနစ်ကို အမွှမ်းတင်ပြောဆိုထားပါတယ်။

ဒါပေမယ့် အဲ့ဒီလို ရွေးကောက်ပွဲစနစ်ပြောင်းတာကိုက နိုင်သူအကုန်ယူစနစ်အရ စစ်အုပ်စုဟာ လွှတ် တော် ထဲ ၂၅ရာခိုင်နှုန်း နေရာဦးထားပြီးသည့်တိုင်အောင် NLD ရှိနေသမျှ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရ ာအနိုင်ရဖို့ မ ဖြစ်နိုင်တော့ဘူးလို့ တွက်ဆမိသွားလို့ဆိုတာ နိုင်ငံရေးအသိုင်းအဝိုင်းကရော လူထုကရော သိကြပါတယ်။

တိုင်းရင်းသားပါတီတွေ၊ပါတီငယ်တွေအတွက် အခွင့်အလမ်းပိုရဖို့ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြော ထားတဲ့ စစ်ခေါင်းဆောင်ဟာ အခုတော့ ပါတီမှတ်ပုံတင်ဥပဒေကို တင်းကျပ်ဖို့ အချက်ပြနေပြန်ပါပြီ။

ပါတီမှတ်ပုံတင်ဥပဒေကို တင်းကျပ်လိုက်တာနဲ့ နိုင်ငံရေး အခွင့်အရေးနဲ့အလားအလာတွေ ထိခိုက်သွားမှာ ကလည်း တိုင်းရင်းသားလူမျိုးစုပါတီငယ်တွေအပါအဝင် အင်အားနည်းပါတီငယ်တွေပဲဖြစ်နေပြန်ပါတယ်။

မင်းအောင်လှိုင်လက်ထက် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ပါတီမှတ်ပုံတင်ကြေး တိုးမြှင့်လာဖို့ရှိသလို စု ဆောင်းရမယ့် ပါတီဝင်အင်အားအရေအတွက်လည်း တိုးမြှင့်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်း ထားကြပါတယ်။

တည်ဆဲဥပဒေတွေအရ နိုင်ငံရေးပါတီတခုထူထောင်ဖို့အတွက် သာမန်အားဖြင့် ဥပဒေနဲ့ညီညွတ်တဲ့ နိုင်ငံသ ား (၁၅) ဦးနဲ့ ငွေသုံးသိန်းကျပ်ပဲ လိုအပ်ပါတယ်။ပါတီမှတ်ပုံတင်ကြေးကို ကျပ်သုံးသိန်း သတ်မှတ် ထားလို့ပါ။

စစ်ကောင်စီလက်ထက်ပြင်ဆင်မယ့် ဥပဒေသစ်မှာတော့ ပါတီမှတ်ပုံတင်ကြေးဟာ အဆပေါင်းများစွာမြင့် တက် လာပြီး ကျပ်သိန်းရာချီအထိ သတ်မှတ်ခံရနိုင်တယ်ဆိုတဲ့ ထင်ကြေးခန့်မှန်းချက်တွေ ထွက်ပေါ် နေပါတယ်။ ဒီထင် ကြေးမှန်မမှန် သိပ်မကြာခင်သိကြရဖို့ရှိပါတယ်။

တည်ထောင်ခွင့်ရ ပါတီတွေအနေနဲ့လည်း တိုင်းနဲ့ပြည်နယ်အလိုက်ပဲ စည်းရုံးလှုပ်ရှားမယ့်ပါတီတွေအနေနဲ့ အနည်းဆုံး ပါတီဝင်အင်အား (၅၀၀)စုဆောင်းရမှာဖြစ်ပြီး တနိုင်ငံလုံး စည်းရုံးမယ့်ပါတီတွေကတော့ အင်အား (၁၀၀၀)အနည်းဆုံးရှိဖို့လိုအပ်ပါတယ်။

စစ်ကောင်စီလက်ထက် မှတ်ပုံတင်ဥပဒေမှာတော့ အဲ့ဒီအရေအတွက်ကိုလည်း တိုးမြှင့်လာနိုင်တယ်လို့ နိုင်ငံ ရေး အသိုင်း အဝိုင်းမှာသုံးသပ်မှုတွေရှိနေပါတယ်။ဒီလို တိုးမြှင့်သတ်မှတ်လိုက်တာနဲ့ ထိခိုက်နစ်န ာသွားမှာက အင်အား နည်းလူနည်းစုပါတီတွေဖြစ်မှာပါ။

စစ်ကောင်စီက ပါတီမှတ်ပုံတင်ဥပဒေကို တင်းကျပ်လိုက်တာနဲ့ အဲ့ဒီလို ဖြစ်လာမယ့်အခက်အခဲအကျပ်အ တည်း တွေကြောင့် ရွေးကောက်ပွဲပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း လျော့နည်းသွားဖို့ အလားအလာရှိ နေပါတယ်။

ဝင်ပြိုင်မယ့် ပါတီလျော့နည်းသွားတာနဲ့အမျှ PR စနစ်အောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲကနေ စစ်အုပ်စုအ နေနဲ့ လွှတ်တော်နေရာတွေ ခွဲဝေပေးရမှုကလည်း လျော့နည်းသွားမှာပါ။

လွတ်လပ်၊မျှတတဲ့ ရွေးကောက်ပွဲအတွက်၊ ဖက်ဒရယ်ပြည်ထောင်စု စကားလုံးတွေတွင်တွင် ပြောနေ စေ ကာမူ စစ်အုပ်စုရဲ့ ခြေလှမ်းတွေဟာ နောက်ဆုံး ဘယ်သူ့အကျိုးအမြတ်အတွက်ပဲ ဖြစ်နေတယ်ဆိုတာမြင်သာဖို့ တင်ပြလိုက်ရပါတယ်။