ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အခုဇန်နဝါရီလထဲစစ်ကောင်စီရဲ့ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုကြား ထွက်ပြေးပုန်းရှောင်ရင်း ဒေသခံတဦးကလေးမွေးဖွားခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The Mindat Post ကဖော်ပြထားပါတယ်။
အခုဇန်နဝါရီတလတည်းမှာပဲ CDF မင်းတပ် ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေရှိရာကိုစစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်အထိတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။
လေကြောင်းနေပစ်ခတ်တိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ပါစစ်ကောင်စီဘက်ကပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ထိခိုက်မှုရှိခဲ့သလို လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။