မွန်ပြည်နယ်၊ရေးမြို့နယ် ရေး-လမိုင်းရထားလမ်းဘေးမှာ ဓားခုတ်သတ်ဖြတ်ခံထားရတဲ့ (၁၃)နှစ်အရွယ် ကလေးတဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီ (၂၂)ရက်မှာတွေ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီကလေးငယ်ရဲ့ ရုပ်အလောင်းကို သစ်ကိုင်းတွေနဲ့ ဖုံးဖိဖျောက်ဖျက်ထားတာဖြစ်ပြီး အလောင်းတွေ့ရချိန်မှာ သတ်ဖြတ်ခံထားရတာ ငါးနာရီဝန်းကျင်ကြာပြီလို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။
“သူ့အဖေအမေအလုပ်လုပ်တဲ့ခြံထဲမှာကလေးကသေနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီခြံပိုင်ရှင်က အလောင်းကိုတွေ့လို့ ဒေသတွင်းပရ ဟိတအဖွဲ့တွေ၊အုပ်ချုပ်ရေးနဲ့ ရဲအဖွဲ့တွေဆီအ ကြောင်းကြားခဲ့တာလို့ဆိုပါတယ်။
ကလေးငယ်ရဲ့ရုပ်အလောင်းမှာ ဘယ်ဘက်လက် ကောက်ဝတ်ဟာပြန်လုနီးပါးဒဏ်ရာ၊ဦးခေါင်းပြတ်ရှ ဒဏ်ရာတွေရထားတယ်လို့မျက်မြင်ဒေသခံကပြောပါတယ်။
အဲ့ဒီကလေးအလောင်းတွေ့မှုနဲ့ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို လမိုင်းမြို့မရဲစခန်းမှာဖမ်းဆီးစစ် ဆေးနေတယ်လို့ ဆိုပြီး အသေးစိန်အခြေအနေတွေကိုတော့မသိရသေးပါဘူး။
မွန်ပြည်နယ်၊ရေးမြို့နယ် မှာအခုလိုကလေးငယ်တဦးကိုသတ်ဖြတ်အလောင်းဖျောက်ဖျက်မှုအရင်ကမရှိခဲ့ဖူးဘူးလို့ ဒေသအခြေစိုက် ပရဟိတအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လုယက်သတ်ဖြတ်မှုတွေနဲ့ တရားခံမပေါ်တဲ့ သတ်ဖြတ်အ လောင်းစွန့်ပစ်မှုတွေ မကြာမကြာဖြစ်နေတာပါ။
photo- လမိုင်းလူငယ်ပရဟိတအဖွဲ့