စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ် ကျောက်ပြင်သာရွာမှာ လူထုအစည်းဝေးတခုလုပ်နေချိန် စစ်ကောင် စီက လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတဦးက DNAကိုပြောပါတယ်။
ကောလင်းမြို့နယ်ကျောက်ပြင်သာအနောက်ဖက်တောင်ရိုးနဲ့ကိုးတောင်ဘို့မြောက်ဘက်ရွာဦးဘုန်း ကြီးကျောင်းကို ဇန်နဝါရီ ၁၉ရက် နေ့လယ်သုံးနာရီခွဲမှာစစ်ကောင်စီက Jet Fighter နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သတင်းပေးဒလန်ကြောင့်လေကြောင်းနဲ့လာပစ်သွားတာ၊အစည်းဝေးလုပ်တဲ့အချိန်ကနည်းနည်းစောပြီးသွားလို့ လူထိမှုမရှိတာ”လို့ဖြစ်စဉ်မှာကိုယ် တိုင်ကြုံခဲ့ရတဲ့ကောလင်းဒေသခံတဦးက DNAကိုပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် အစည်းဝေးလုပ်ခဲ့တဲ့ဓမ္မာရုံကတော့ ပျက်စီးသွားတယ်လို့သိရပါတယ်။