စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပင်လယ်ပြင်ထဲ ငါးဖမ်း ထွက် နေကြ တဲ့ ငါးဖမ်းစက်လှေတွေဟာ ကမ်းကပ်ခွင့်မရကြတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇန်နဝါရီ(၁၉)ရက်မှာ သံတွဲမြို့နယ် ငပလီမှာ ရောက်ရှိနေပြီး ထိုင်းနိုင်ငံ စစ်ဦးစီး ချုပ်နဲ့ တွေ့ဆုံနေတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။
“ကမ်းမကပ်ရဘူးတဲ့၊ ပင်လယ်ထဲမှာ ညအိပ်ကြရတော့မယ်၊နေ့ချင်းပြန် ငါးဖမ်းထွက်တာမှာ ကမ်းမကပ်ရဘူးဆို တော့ ဘာကို စားပြီး နေကြမလဲ၊ မီးမပါ၊ ထင်းမပါနဲ့၊ ညဘက်လေပြင်းတိုက်ရင် အသက်အန္တရယ်ပါ စိုးရိမ်ရတယ်” လို့ သံတွဲမြို့က ပင်လယ်ပြင်ထဲ ငါးဖမ်းထွက်နေသူရဲ့ မိသားစုဝင်တဦးကDNA ကို ပြောပါတယ်။
အဲဒီလို မင်းအောင်လှိုင် ရောက်နေချိန် သံတွဲမြို့နယ်အတွင်း ပင်လယ်ကမ်းခြေတစ်လျှောက်မှာ စစ်ရေယာဉ် အ များအပြားလုံခြုံရေး ချထားပြီး ပင်လယ်ထဲငါးဖမ်းထွက်နေကြတဲ့ စက်လှေသမားတွေကို ကမ်းကပ်ခွင့် မပေး တာလို့ ငါးဖမ်း သမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့အနီးတဝိုက် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ ကျေးရွာပေါင်း တစ်ဆယ်ကျော်ရှိပြီး အဲဒီကျေးရွာ တွေက ဒေသခံအများစုဟာ ပင်လယ်ထွက်ငါးဖမ်းတဲ့ လုပ်ငန်းနဲ့ အသက်မွေးကြသူတွေဖြစ်ပါတယ်။
အခုလို စစ်ခေါင်း ဆောင်ရောက်နေချိန် ကမ်းပြန်မကပ်ရဘူးဆိုတဲ့အကြောင်း ကြိုတင်အသိပေးကြေညာတာ၊ ထုတ်ပြန်တာမျိုးလည်းမရှိတဲ့အတွက် မနက်ပိုင်းမှာ ပင်လယ်ထဲထွက်ခဲ့အပြီး ပြန်လာချိန်မှာ ကမ်းကပ်ခွင့် မရ တော့လို့ အခက်တွေ့ကြရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မင်းအောင်လှိုင်ပြန်တဲ့နေ့မှပဲ ကမ်းတက်ရမယ်ပြောတယ်၊ဘယ်နေ့ပြန်မလဲမသိဘူး၊ပင်လယ်ထဲမှာ ဒုက္ခခံပြီး နေ ကြရမှာ”လို့ နောက်ထပ် ငါးဖမ်းသမားတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကော် မတီအ စည်းအဝေးကို တက်ရောက်ဖို့ သံတွဲမြို့နယ် ငပလီသို့ ရောက်နေတာဖြစ်ပြီး အဲဒီအစည်းအဝေးကို ဇန်နဝ ါရီ (၁၉) ရက်ကနေ ၂၁ ရက်အထိ သုံးရက်ကြာ ကျင်းပမယ်လို့ ဆိုပါတယ်။
“မနေ့ညကတုန်းကလည်း တညလုံး နေဗီ(စစ်ရေယာဉ်)တွေ ပင်လယ်ထဲ လျှောက်သွားနေတယ်၊အသံတွေ ဆူဆူညံညံနဲ့ အိပ်လို့တောင် မရဘူး၊ ပြီးတော့ လမ်းတွေမှာလည်း စစ်ကားတွေ၊ စစ်သားတွေ အများကြီးပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သံတွဲအပြင် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ စတဲ့မြို့တွေကို လည်း သွားရောက်ဖို့ ရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းရင်းမြစ်တွေဆီက သိထားရပါတယ်။ မင်း အောင်လှိုင်ခရီးစဉ်ရှိတဲ့အတွက်ဆိုကာ အဲဒီမြို့တွေမှာ လမ်းဘေးစျေးဆိုင်တွေကိုလည်း စစ်ကောင်စီလက် အောက်ခံတွေက ဖျက်သိမ်းခဲ့ကြပါသေးတယ်။