ပုလောမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရှပ်ပုံရွာကနေအိမ်တွေကိုမီးရှို့

တနင်္သာရီတိုင်း ၊ပုလောမြို့နယ် ရှပ်ပုံကျေးရွာအနီးမှာ စစ်တပ်နဲ့ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် သုံးရက်အကြာ ဒီကနေ့ဇန် နဝါရီ (၁၉)ရက်မှာ ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းဝင်လာကာ အိမ်ရွေးပြီးမီးရှို့နေတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“စစ်ကောင်စီကအင်အား သုံးဆယ်လောက်နဲ့ ရှပ်ပုံရွာထဲဝင်လာပြီး ဒလန်ကလက်ညိုးထိုးပြ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကိုမီးရှို့၊ ခုအိမ်ခြေဆယ်လုံးလောက်လောင်သွားပြီ၊ရွာသားတွေလည်းအကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်၊ ပြီးတော့တောင်ကြောတွေမှာလည်း စစ်ကောင်စီက ခြေနင်းမိုင်းတွေထောင်ထားတယ်”လို့ သူကဆိုပါတယ်။

ရှပ်ပုံကျေးရွာကို ဝင်ရောက်မီးရှို့နေတဲ့စစ်ကောင်စီတပ်သားတွေဟာ ပင်လယ်လုပ်ငန်းကနေပြန်လာတဲ့ အလုပ်သမားတဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲအပြီးစစ်ကောင် စီက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ဒေ သခံနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။ အဲ့ဒီတိုက်ပွဲအပြီး ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဒီကနေ့မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။

ရှပ်ပုံကျေးရွာအုပ်စုမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေကို ပုလောဒေသကာ ကွယ်ရေးတပ် PRDF နဲ့မဟာမိတ်တပ်တွေက ဇန်နဝါရီ(၁၆)ရက်မှာပူးပေါင်းတိုက်ခိုက်တာကြောင့်စစ်သား ခုနှစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးငြိမ်းချမ်းအောင်ဆိုသူတို့ စုစုပေါင်းရှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတိုက်ပွဲဖြစ်တာမရှိပဲ ရှပ်ပုံရွာကိုဝင်ရောက်မီးရှို့နေတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။

ရှပ်ပုံကျေးရွာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ပလမြို့ အမှတ် (၁) ၊ (၂) ရပ်ကွက်က တိုကျေးရွာမှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်ကစပြီ၏ တိုက်ပွဲဖြစ်နေတယ်လို့ တနင်္သါရီဒေသအခြေစိုက် မီဒီယာတွေကဖော်ပြထားပါတယ်။