မန္တလေးမှာ စစ်အုပ်စုက စစ်ဆေးရေး အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေ

မန္တလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးရေးအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ စစ်ကောင်စီတပ်တွေစုပေါင်းပြီး မြို့တွင်းနေရာတချို့မှာ ရွေ့လျား စစ်ဆေးမှုတွေလုပ်နေပြီး လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ဖမ်းဆီးငွေညစ်တာတွေလုပ်နေတာလို့ ဆိုကြပါတယ်။

” စစ်သားတွေနဲ့ ရဲတွေစစ်ရင် သူတို့က လိုင်စင်တွေဘာတွေပြခိုင်းတယ်။ ဆိုင်ကယ်တွေ ကားတွေဆိုလည်း တူးဘောက်တွေဖွင့်စစ်တာရှိတယ်။ ဖုန်းစစ်တာကျတော့ သူတို့ ဖေ့ဘွတ်ခ်ကို ဖွင့်ခိုင်းတယ်။အဲဒီထဲကမှာ တော်လှန်ရေးနဲ့ ပက်သက်ပြီး like လုပ်တာတွေ share ထားတွေ ပရိုဖိုင်းပြောင်းထားတာတွေ့ရင် ငွေညှစ်တယ် ” စစ်အုပ်စု ဖမ်းဆီးငွေညှစ်ခံရဖူးတဲ့ ဒေသခံ တဦးကDNA ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မန္တလေးမြို့ပေါ်မှာ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးရေးကို နေ့စဉ်ပြုလုပ်နေတာပါ။

စစ်အုပ်စု လက်အောက်ခံ ယာဉ်ထိန်းနဲ့ ရဲတွေပူးပေါင်းစစ်တာရှိသလို စစ်တပ်နဲ့ရဲတွေပေါင်ဒပြီး စစ်ဆေးတာတွေလည်း လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

” မော်တော်ပီကယ်တွေစစ်တပ်ကတော့ လိုင်စင်အဓိကပဲ။ လိုင်စင်မပါတာတို့ သက်တမ်းကုန်နေတာတို့ဆို တခါတည်း ငွေတောင်းတယ်။ ၃ သောင်းကနေ ၅ သောင်းအထိတောင်းတက်တယ်။ စစ်တပ်နဲ့ ရဲစစ်ရင်ကျတော့ ဖုန်းတွေပါ စစ်တယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်အာဏသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်တဲ့သပိတ်တွေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေအားကောင်းတဲ့မန္တလေးကို စစ်အုပ်စုက တောက်လျှောက်ဖိနှိပ်နေသလို ဓေသခံတွေကိုလည်း ဖမ်းဆီးငွေတောင်းခံတွေအရင်ထက်ပို့လုပ်လာတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။