ကြာအင်းဆိပ်ကြီးဘုရားသုံးဆူလမ်းပိုင်းတပတ်ကြာအသုံးမပြုဖို့ KNU ထုတ်ပြန်

တိုက်ပွဲတွေကြောင့် ကရင်​ပြည်နယ်ကြာအင်းဆိပ်ကြီးဘုရားသုံးဆူလမ်းပိုင်းကို တပတ်ကြာအသုံးမပြုဖို့ KNU ဒူးပလာယာခရိုင်တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေပြီး ဒီကနေ့ ဇန်နဝါရီ (၁၆) ရက်စလို့ တပတ်ကြာအသုံးမပြုဖို့တားမြစ်တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်တဲ့အသိပေးစာမှာဖော်ပြထားပါတယ်။

အခုလိုလမ်းအသုံးပြုခွင့်ပိတ်ပင်ကြောင်းစာထုတ်လိုက်ပေမယ့်ခရီးသွားကားတွေနဲ့ကုန်တင်ယာဥ်တွေကိုတော့နှစ်ဖက်ဂိတ်တွေကစိစစ်ပြီးသွားခိုင်းတာမျိုးတွေတော့ရှိနေတယ်လို့လမ်းပိုင်းအသုံးပြုသူတဦးကပြောပါတယ်။

“မနေ့ကဘုရားသုံးဆူနဲ့သံဖြူဇရပ်လမ်းမှာစကစရဲ့ရိက္ခာတင်ယာဥ်မိတယ်၊ကျည်တွေလဲပါတယ်၊ခုကြာအင်းဘုရားသုံးဆူလဲအဲ့အတိုင်းပဲသူတို့ကလူအင် အားနဲ့ရိက္ခာကျည်တွေဖြည့်နေတာ၊နှစ်ဘက်စစ် ကြောင်းနဲ့တိုးရင်တော့ပြောဆိုပြီးသွားရတာပေါ့၊စကစကတော့ပိုက်ဆံယူတယ်”လို့အဲ့ဒီလမ်းပိုင်းကိုအသုံးပြုနေသူတဦးကDNAကိုပြောပါတယ်။

ကရင်ပြည်နယ် ၊ KNU တပ်မဟာ၆ နယ်မြေဝင်းရေးမြို့နယ်၊ ဘုရားသုံးဆူ – သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ရဲ့တောင်စွန်းရှေ့တန်းစခန်းကိုပို့မယ့် ရိက္ခာ၊လက်နက်ကားဖမ်းဆီးခံရပြီး ဆန်အိတ် ၁၀၀ ကျော်နဲ့ လက်နက်ငယ်ကျည်ဆံ ၃၀၀၀ကျော်သိမ်း ဆည်းခံရတယ်လို့ စုံစမ်းသိရပေမယ့်တော်လှန်ရေးအဖွဲ့တွေကတော့ အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးသတင်းဌုတ်ပြန်တာမရှိသေးပါဘူး။