Grand Royalစက်ရုံမီးလောင်မှုမှာ ငြှိမ်းသတ်နေတဲ့ မီးသတ်နဲ့ ပရဟိတအဖွဲ့ဝင် ဆယ့်သုံးဦးထက်မနည်း ကုသမှုခံယူနေရ

မှော်ဘီမြို့၊ လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ်(၄)လမ်းမကြီးအနီးမှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုမှာ ပါဝင်ငြှိမ်းသတ်ပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတာ၊မီးခိုး ငွေနဲ့ အ သက်ရှုပ်ကျပ်တာတွေကြောင့် ကုသမှုခံယူရသူတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက DNAကိုပြော ပါတယ်။
 
“တယောက်က မီးလောင်ပေါက်ပြဲ ဒဏ်ရာရထားတယ်၊ဆယ်ယောက်ကျော်လောက်က မီးခိုးငွေ့နဲ့ အသက်ရှူ ကျပ်ကြတာ၊ လက်ရှိအချိန်ထိ ဆယ်သုံးယောက်လောက် ဆေးရုံပို့ကုသနေရတယ်”လို့ အဲ့ဒီမီးလောင်မှုမှာ ကူညီ ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးပြောပါတယ်။
 
မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို အင်းစိန်ဆေးရုံကြီးဆီပို့ဆောင်ကုသနေပြီး စိုးရိမ်ရတဲ့ အခြေအ နေတော့မရှိဘူးလို့ သိရပါတယ်။
 
Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုဟာာ ဒီကနေ့ ဇန်နဝါရီ(၁၃)ရက် နေ့လယ် သုံးနာရီကျော်ဝန်းကျင် မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိသတင်းရေးသားချိန်အထိ ငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမီး သတ် တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
 
အဲ့ဒီမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 3 အဆင့် မီးလောင်မှုအဖြစ် သတ်မှတ်ထားပြီး အဲ့ဒီ သတ် မှတ်ချက်နဲ့ကိုက်ညီတဲ့ မီးသတ်ကားအုပ်စုတွေနဲ့ ငြှိမ်းသတ်နေတာဖြစ်ပါတယ်။
 
“မီးကလည်းမထိန်းနိုင်သေးဘူး၊ဗွိုင်လာတွေ ပေါက်ကွဲနေလို့ နောက်ထက် ဗွိုင်လာ ခြောက်လုံးဘက်ကို မီးမ ရောက်အောင်ပဲ တားနေရတယ်၊အဲ့ဘက်မီးကူးရင် အခြေအနေကပိုဆိုးနိုင်တယ်”လို့ မီးငြှိမ်းသတ်ရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးသမားတဦးကလည်း ဒီကနေ့ညရှစ်နာရီဝန်းကျင်မှာ ပြောပါတယ်။