တိုက်ပွဲပြန် PDF တွေကို ပြည်သူတွေကကြို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တလနီးပါးကြာရက်ရှည်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲက ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အခုလိုကြိုဆိုခဲ့ကြပါတယ်။

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုက တပ်ဖွဲ့ဝင် တရာလောက် အဲ့ဒီကြိုဆိုပွဲတက်ရောက်ခဲ့ကြပြီး ကျေးရွာ (၂၀)လောက်ကပြည်သူထောင်ချီလာရောက်ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ကနီနယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် တလနီးပါးကြာတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ငါးဆယ်ကျော်ကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်တွေဘက်ကလည်း (၇) ဦးကျဆုံးကာထိခိုက်ဒဏ်ရာရသူ (၂၀)ဝန်းကျင်ရှိတယ်လို့သိရပါတယ်။