တနင်္သာရီတိုင်း၊ လောင်လုံးမြို့နယ်အတွင်းက ဟင်ချိုတောရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး တချို့ ဒီကနေ့ ဇန်နဝါရီ(၁၁)ရက် မနက်ပိုင်း မှာရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးလို့ အိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ အင်အား (၁၅)ဦးဝန်းကျင်နဲ့ ဟင်ချိုတော ရွာကို ရောက်လာတာဖြစ်ပြီး အရပ်ဝတ်လက်နက်ကိုင်တွေလည်း ပါလာကာ နေအိမ်တွေကို မီးရှို့ပြီးတာနဲ့ ရွာကပြန်ထွက်သွားတယ်လို့ သိရပါတယ်။
“အိမ် ၅လုံးမီးလောင်တာ။ ၃လုံးနဲ့ပရိဘောဂဆိုင်တစ်ဆိုင်ကတော့ ဘာမှမရတော့ဘူး။ နှစ်လုံးကတော့ သူတို့ပြန်သွားလို့ ဒေသခံတွေက ဝိုင်းငြိမ်းလိုက်လို့ တစ်ဝက်လောက်တော့လောင်သွားတာပေါ့။ ဆိုင်ကယ် လေးစီးလည်း ပါသွားတယ်”လို့ ဟင်းချိုတောကျေးရွာနဲ့နီးစပ်တဲ့ ခောင်းလုံးဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ဝင်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ လှေနဲ့ကျောက်နီမော်ရွာကို ရောက်ရှိလာခဲ့ပြီး ကျောက်နီမော်ကတဆင့် ဟင်ချိုတောကျေးရွာက အပြစ်မဲ့ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဒေသခံကျေးရွာသားတွေရဲ့နေအိမ်ကိုတွေကို စစ်ကောင်စီတပ်သားအချို့နဲ့အရပ်ဝတ်လက်နက်ကိုင်ပျူစောထီးဆိုသူတွေက အကြောင်းမဲ့လာရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသထံတွေကဆိုပါတယ်။