ဖားကန့်မြို့က အလွတ်တန်းသတင်းထောက်တဦး မန္တလေးရောက်နေချိန်ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက် မန္တလေးမြို့ကို ရောက်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။
 
မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့ နေ့ခင်း ၃ နာရီလောက်က ကိုဇော်မိုးထက်ကို စစ်ကောင်စီက လမ်းပေါ်တင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
” သူက မန္တလေးရောက်နေတုန်း မနေ့ကဖမ်းခံလိုက်ရတယ်။ ဘာကြောင့် ရယ်လို့တော့ မသိပါဘူး ” လို့ သူနဲ့နီးစပ်သူတဦးကပြောပါတယ်။
 
ကိုဇော်မိုးထက် ဖမ်းဆီးခံရပြီးနောက် သူရဲ့ မန္တလေးက နေအိမ်ကို စစ်ကောင်စီကဝင်ရောက်ရှာဖွေခဲ့ပြီး ဖုန်းနဲ့ ကွန်ပျူတာတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန်ထိ သူကို မည်သည့်နေရာမှာ ဖမ်းဆီးထားသည်ကို မသိရသေးဘူးလို့ ဆိုပါတယ်။