မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်း ဗုံးသီးနဲ့ပစ်လို့ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်းစကားများ ရန်ဖြစ်ပြီး ဗုံးသီးနဲ့ ထုလို့ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ ငါးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ နယ် ခြားစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီနယ်ခြားစောင့်ကင်းစခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် ညပိုင်းကဖဲကစားနေကြချိန် တပ်ဖွဲ့ဝင် တဦးက ဖဲဝိုင်း ထဲ ဗုံးသီးပစ်ချလိုက်တဲ့ အတွက် ကြောင့် သေဆုံး၊ ဒဏ်ရာရကြတာလို့ ဆိုပါတယ်။

“ဖဲဝိုင်းမှာ ရန်ဖြစ်ကြပြီးတော့ ဝိုင်းထဲကို ဗုံးသီး ချလိုက်တာ၊ နှစ်ယောက်သေတယ်၊ငါးယောက် ဒဏ် ရာရတယ်၊ အဲဒါက နယ်ခြားစောင့်ဆိုပေမယ့် စစ် သားတွေပါ၊ အကုန်လုံး အရောရောတွေ၊ နယ် ခြားစောင့်အဝတ် ဝတ်ထားကြ တာ”လို့ လုံခြုံ ရေး အရအမည်မဖော်လိုတဲ့နယ်ခြားစောင့်တပ်နဲ့နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာဒုတပ်ကြပ်အဆင့်ရှိသူတွေဖြစ်ကြပြီး ဒဏ်ရာရသူတွေဟာလည်း စိုးရိမ် ရ တယ်လို့ သူက ဆိုပါတယ်။
“အကုန်လုံး အပြင်းအထန်တွေ ဒဏ်ရာရသွားကြတာ”လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

ဒုံးညိုနယ်ခြားစောင့်စခန်းဟာ မောင်တောမြို့နယ် မြောက်ဘက်အစွန်ပိုင်း၊ ဘူးသီးတောင်မြို့နယ်နဲ့ အစပ်မှာ တည်ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ နယ်ခြားစောင့်စခန်းတွေမှာ ရဲတပ်ဖွဲ့ဝင်အ နည်း ငယ်နဲ့ စစ်ကောင်စီတပ်သား အမျဲားအပြားပူးတွဲ ချထားလေ့ရှိကြောင်း နီးစပ်သူတွေက ပြောကြ ပါတယ်။