စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားကိုမြင်းမူမြို့ကနေထွက်လာတဲ့စစ်ကားတန်းကတိုက်သတ်ခဲ့သလိုစစ်ကောင်စီတပ်သားအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုလညိးဖြစ်ခဲ့တယ်လို့ဒေသခံကာကွယ်ရေးအင်အားစုတွေကပြောပါတယ်။
မြင်းမူမြို့ကနေမုံရွာဘက်သွားတဲ့စစ်ကားနှစ်စီးကို ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်သုံးနာရီခွဲအချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီလို ချင်းချင်းသတ်ဖြတ်မှု တွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုနှစ်ကြိမ်မှာ စစ်ကားနှစ်စီးထိခိုက်ပြီး ထိခိုက် သေ ဆုံးမှုတွေရှိနေတဲ့အချိန် အဲ့ဒီနေရာနဲ့ မလှမ်းမကမ်း မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ယာဥ်တန်းကို တားတာကြောင့် တိုက်သတ်ခံရတာဖြစ်တယ်လို့ People’s Army to Fight Dictatorshipကခေါင်း ဆောင်ဗိုလ်တေဇကပြောပါတယ်။
“စိတ်ဆိုးဆိုးနဲ့ဒီကဖြစ်ပျက်လာတာကိုတားရပါ့မ လားဆိုဝင်တိုက်ပစ်တာ၊အဲ့မှာတယောက်သေသွားပြီးသူတို့အချင်းချင်းအပြန်အလှန်ပစ်ကြတယ်၊နောက်တယောက်ထပ်သေတယ်၊သူတို့အချင်းချင်းဖြစ်တာကတော့နှစ်ယောက်သေတယ်”လို့ သူကဆို ပါတယ်။
စစ်ကိုင်း-မုံရွာလမ်းပိုင်းတလျှောက် မြို့တွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပြီး အဲ့ဒီလမ်းတလျှောက် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ မကြာမကြာရှိနေတာပါ။
ဒီကနေ့ မနက်အစောပိုင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းက ထိခိုက်သေဆုံးမှု အခြေအနေကိုတော့မသိရသေးပါဘူး။
“ကျွန်တော်တို့မိုင်းဆွဲလို့ဘယ်နှယောက်သေတယ်ဆိုတာတော့အတိအကျမသိရသေးဘူး၊ကျွန်တော်တို့ကဝမ်းပြည့်ရွာနဲ့အလက္ကပရွာကြားမှာဆွဲတာ၊သူတို့အချင်းချင်းကအဲ့ဒီရွာရဲ့အနောက်ဘက်နားလောက်မှာအဲ့ဒီနားမှာသူတို့အထိုင်ကင်းပုန်းရှိတာ “လို့ဗိုလ်တေဇကပြောပါတယ်။