မလွတ်လပ်မှုတွေကြားက လွတ်လပ်ရေးနေ့ သပိတ်များ

ဒီကနေ့ဟာ ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့တဲ့ (၇၅) နှစ်မြောက် တနည်းအားဖြင့် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်လက်အောက်မှာ စစ်ကျွန်ဇာတ်သွင်းခံနေရဆဲ မြန်မာပြည်သူတွေအဖို့တော့ ကတယ့် လွတ်လပ်ရေးနေ့ကို ရောက်မလာသေးပါဘူး။ လူထုလိုလားတဲ့ တကယ့်လွတ်လပ်ရေးရဖို့ လူထုကိုယ်တိုင် လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေရဆဲဖြစ်သလို ငြိမ်းချမ်းတဲ့နည်းတဲ့ ဆန္ဒထုတ်ဖော် သူတွေလည်း ရှိနေကြဆဲပါ။

ဒါကြောင့်အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက် နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကြောင်း ထိုး မီးရှို့ခံရလို့မီးလောင်ပြင် ပြာပုံတွေနဲ့အတိပြီးနေတဲ့ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ လွတ်လပ်ရေးနေ့ သပိတ်လှုပ်ရှားမှုပုံရိပ်တွေကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။