မုံရွာမြို့အကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသား သုံးဆယ်ကျော်ပြန်လွတ်လာ

ဒီကနေ့ ဇန်နဝါရီ ၄ရက်၊လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မုံရွာအကျဉ်းထောင်က အကျဉ်းသား ၇၄ဦးပြန်လွတ်လာတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။

ပြန်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ၆၄ဦး အမျိုးသမီး ၁၀ဦးပါဝင်ပြီး ပုဒ်မ ၅၀၅-က နဲ့ပြန်လွတ်လာသူ အမျိုးသားအမျိုးသမီး ၃၄ ဦးပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီက သူတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်လုပ်ပေးနေတာ ၇ကြိမ်ရှိနေပါပြီ။

စစ်အာဏသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာပါ။ အဲဒီအထဲမှာ နိုင်ငံခြားသား ၂၃၉ ဦးပါဝင်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း နိုင်ငံတဝန်းကအကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်သတင်းထွက်ပေါ်နေတာကြောင့် စောင့်ဆိုင်းနေကြပါတယ်။