မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နယ်မြေရဲစခန်း ရဲနှစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသူ သုံးဆယ်နီးပါးထဲက ဆယ့်တဦးအထိ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ပြန်လွတ်လာသူတွေက DNA ကိုပြောပါတယ်။
အဲ့ဒီဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက သထုံမြို့နယ်က စစ်ကြောရေးမှာ တလနီးပါးကြာချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
“(ဖမ်းခံရသူတွေထဲ) ဒေသခံလည်းပါတယ်၊ လမ်းသွားလမ်းလာလည်းပါတယ်၊ ကျွန်တော်တို့ မသိတဲ့ သူတွေလည်း ပါတယ်၊ အဲ့ထဲကတချို့ကိုတော့ ပေါင်စခန်းမှာပဲ စစ်ပြီးပြန်လွှတ်ပေးတာရှိတယ်၊ တချို့ က သထုံက ဇေမသွယ်အကျဉ်းထောင်မှာစစ်ပြီး ပြန်လွှတ်တာရှိတယ်၊ အားလုံးပေါင်းဆိုရင် ၁၆ ယောက်လောက် သူတို့ပြန်လွတ်ပေးလိုက်တယ်၊ ဖမ်းပြီး တစ်ပတ်အတွင်းမှာပဲပေါ့” လို့ပြန်လည် လွတ်မြောက်လာသူတဦးက ပြောပါတယ်။
ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်း မောင်ကိုကိုနဲ့ ရဲတပ်သားခိုင်ဇော်ဦးတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်က ဖလပ်ကျေးရွာအနီး အဝေးပြေးကား လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ဥတ္တံတားကျေးရွာ ဒေသခံတွေအပါအဝင် လမ်းသွားလမ်းပြည်သူ နှစ်ဆယ်ကျော်နဲ့ ဒေသခံမဟုတ်သူတချို့ စုစုပေါင်း ပြည်သူ ၃၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက စစ်ဆေးပြီးနောက် ၁၆ ဦးကို တပတ်အတွင်းပြန်လွှတ်ပေးခဲ့ပေ မယ့် ကျန်တဲ့ ၁၀ ဦးကျော်ကိုတော့ သုံးပတ်ကျော်တဲ့အထိ ပြန်လွတ်ပေးခြင်းမရှိသေးဘဲ သထုံမြို့ နယ်က စစ်ကြောရေးတစ်ခုမှာ စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်တယ်လို့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
သထုံက စစ်ကြောရေးမှာ ဆက်လက်ဖမ်းဆီးခံ ထားရသူတွေဟာ အမျိုးသမီးလေးဦးနဲ့ အမျိုးသား ၇ ဦးဖြစ်ပြီး အများစုက ဒေသခံတွေမဟုတ်ကြတဲ့အပြင် လူငယ်တွေလည်း ဖြစ်တယ်လို့ သူကဆိုပါ တယ်။
ဒါ့အပြင် စစ်ကြောရေးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေဟာ မတရားရိုက်နှိက်ခံရတာတွေ ရှိနေ တာကြောင့် သူတို့အတွက် အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရသူတွေကို စစ်ဆေးချက်တွေအရ သံသယနဲ့ ဆက်လက်ဖမ်းဆီးထားသူတွေပါသလို ပုဒ်မတပ်အမှုဖွင့် တရားစွဲဖို့ ပြင်ဆင်နေသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
“ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုရှိတဲ့ သံသယနဲ့ ဖမ်းထားတဲ့လူတွေလည်း ပါသလို၊ ဖမ်းဆီးရင်းနဲ့ စစ် ဆေးမေးမြန်းလိုက်တာ ထောက်ပို့လုပ်နေတဲ့သူတွေလည်း ပါတယ်၊ သူတို့ကိုတော့ မကြာခင် ပုဒ်မ တွေနဲ့တကွ တရားဝင်ထုတ်ပြန်သွားဖို့လည်း ရှိတယ်လို့ သိထားရတယ်” လို့ သူကဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ ထွက်ဆိုချက်အရ အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက ပေါင် မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ဆက်သွယ်နေသူတွေ၊ ထောက်ပို့တွေ၊ PDF တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်ဆို့ ဆိုပေမယ့် ဒေသခံတွေကတော့ အခုရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခံရတဲ့သူတွေ မရှိသေးဘူးလို့ ပြောပါတယ်။