စစ်ကိုင်းမြို့မှာ နေအိမ်မီးလောင်မှုကြောင့် ပိတ်မိနေတဲ့ အမွှာညီအကို နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာရှိတဲ့ နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုကြောင့်နေအိမ်ထဲတွင်  ပိတ်မိနေတဲ့ အမွှာညီအကိုနှစ်ဦး မီးလောင်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီ လောက်မှာ ရေနွေးအိုးကတဆင့် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီဝါယာရှော့မီးလောင်ကျွမ်းမှုဟာ ၂ နာရီ နီးပါးကြာခဲ့ပြီး နေအိမ်အပေါ်ထပ်မှာ အမွှာညီကို နှစ်ယောက်က မီးငြိမ်းသက်ရင် ပိတ်မိပြီး မီးလောင်ကျွမ်းမှုထဲပါဝင်သွားပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးသွားခဲ့သူတွေကပြောပါတယ်။

” အိမ်အောက်ထပ်က လူတွေကကျတော့ အကုန်ထွက်ပြေးလို့ လွှတ်သွားတယ်။ အပေါ်ထပ်က ညီကို ၂ ယောက်ကကျတော့ ပိတ်မိပြီး မီးထဲပါသွားတယ်။ မီးခိုတွေမွှန်းပြီး ပြန်မထွက်နိုင်တော့တာထင်ပါတယ် ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးစစ်ကိုင်းက အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားတဲ့ အမွှာညီအကိုမှာ အသက် (၄ဝ) ဝန်းကျင်ရှိပြီး မျိုးမြတ်ကိုကိုနဲ့ မျိုးမြတ်ညီညီတို့ ဖြစ်ကြောင်း ဆက်သိရပါတယ်။