ဒီပဲယင်းတောင်ခြမ်းရွာတွေကို စစ်တပ်က အကြိမ်ကြိမ်စစ်ကြောင်းထိုးမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနဲ့အ နောက်ခြမ်းကျေးရွာတွေက နေအိမ်ထောင်ချီ မီးရှို့ထားတဲ့ စစ်တပ်ဟာ အခုလကုန်ပိုင်းအတွင်း မြို့တောင်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုး ဝင် ရောက်မီးရှို့ခဲ့ပြီးသားရွာတွေကို နောက်ထပ် စစ် ကြောင်းထိုးကာအရင်ကမီးမသင့်ခဲ့တဲ့အိမ်တွေကိုပါ ထပ်ပြီးမီးရှို့နေတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီပဲယင်းမြို့တောင်ဘက်က ရွာချင်းဆက်နေတဲ့ ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို စစ်တပ်က နှစ် ကြိမ်မီးရှို့ခဲ့ပြီးပြီပေမယ့် ဒီကနေ့ ဒီဇင်ဘာ (၃၀) ရက်မနက်ပိုင်းမှာလည်း လက်ကျန်နေအိမ် တွေကို မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီက ရုတ်တရက်ဝင်ရောက်ပြီး လက် ကျန်နေအိမ်တွေကိုထပ်မံမီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာကိုပြန်လည်ဝင်ရောက်နေထိုင်ဖို့ ပြင် ဆင်နေတဲ့ ဒေသခံပြည်သူတွေဟာ အမြန်တိမ်း ရှောင်ကြရတယ်လို့ ဆိုပါတယ်။

“ သူတို့မီရှို့ဖျက်ဆီးသားရွာဆိုတော့ ထပ်လာမယ် လို့ ဘယ်ထင်ကြမလဲဗျာ၊မနက် ၆ နာရီလောက် ကြီး ရုတ်တရက်ဝင်ချလာတော့ ရွာထဲပြန်ဝင် နေတဲ့သူတွေလည်းဝရုံးသုံးကားအမြန်ပြေးကြရတာပေါ့၊ ရွာက နေအိမ်လေးဆယ် လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်၊ဘုန်းကြီးကျောင်းကိုလည်းမီးမရှို့ပေမယ့် မျက်နှာကျက်တွေကို ဖျက်ဆီး သွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ 

ကြည်ရွာနဲ့ဘုရားထွက်ကျေးရွာဟာ  စစ်ကောင်စီ ရဲ့မိးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ခုနစ်ရာကျော်မီး‌ လောင်ပျက်စီးပြီးသားဖြစ်တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ 

စစ်ကောင်စီဟာဒီဇင်ဘာလဆန်းက ဒီပဲယင်း အရှေ့ခြမ်းရွာတွေကို ဆယ်ရက် ကျော်ကြာ စစ် ကြောင်းထိုးခဲ့ပြီး နေအိမ်နှစ်ထောင်ဝန်း ကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါ့အပြင် တခြား အ ရပ်တွေမှာလည်းစစ်ကြောင်းထိုးမီးရှို့တာတွေလုပ်လို့ အခုလအတွင်း ဒီပဲယင်းမြို့နယ် ကျေးရွာ ၂၅ ရွာက နေအိမ်သုံးထောင် ဝန်းကျင် မီးလော င်ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီ ပေးနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ရဲ့ မှတ်တမ်း အရသိရပါတယ်။ 

“ သူတို့စစ်ကြောင်းထိုးမီးရှို့တဲ့အချိန်က သီးနှံ (စပါး) သိမ်းချိန်ကြီးဆိုတော့ သီးနှံတွေလည်း ဆုံးရှုံးမှုလည်း အရမ်းများတယ်ဗျာ” လို့ ဒေ သခံတဦးကပြောပါတယ်။

သီးနှံရိတ်သိမ်းပြီးချိန်မှာ စစ်ကြောင်းဝင်လာတဲ့ အတွက်သီးနှံတွေကိုဘေးလွတ်ရာမရွေ့ပြောင်းနိုင်ကြတာကြောင့်အခုလိုဆုံးရှုံးကြရတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

ဒီပဲယင်းမြို့ တောင်ဘက်က ရွာတွေကို စစ်တပ် ကစစ်ကြောင်းထိုးမွေနှောက်နေတာ သီတင်းပတ် တခုကျော်ကြာမြင့်လာပြီဖြစ်ပြီး အဲ့ဒီကာလအ တွင်း ရွာခြောက်ရွာထက်မနည်း မီးရှို့ခံရသလို စစ် တပ်က ရမ်းသန်းပစ်ခတ်တာတွေကြောင့် ထိခိုက် ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒီပဲယင်းမြို့ နယ် စစ်ဘေးရှောင်ထောက်ပံ့ရေး အဖွဲ့က ဆိုပါ တယ်။

ဒီကနေ့မနက်ပိုင်းမှာ ကြည်ဘုရားထွက် ကျေးရွာ ကိုဝင်ရောက်ပြီး လက်ကျန်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယင်း တွေကျေးရွာကိုရောက်ရှိနေပြီး ရွာတောင်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“သူတို့က ကျွန်တော်တို့ ဒီပဲယင်းကိုဘာမှ မကျန် အောင်ကို ဖျက်ဆီးနေတာဗျ” လို့ ဒေသခံတဦး က ပြောပါတယ်။ ဒီပဲယင်းနယ်ဟာ စစ်အာဏာရှင်ကို ခုခံတော်လှန်အားကောင်းတဲ့ဒေသ ဖြစ်ပြီး စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်း တိုင်းမှာပျက်စီးဆုံရှုံးမှုအများဆုံးဒေသဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။