ထိုင်းအာဏာပိုင်တွေဖြေရှင်ပေးနေပေမယ့် လိမ်လည်ခံရတဲ့ မြန်မာလုပ်သားအနည်းငယ်သာ အလုပ်ရ

ထိုင်းနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမား လေးထောင်ဝန်းကျင်အရေးကို ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ပေမယ့် အလုပ်သမား အနည်းငယ်သာ အလုပ်ရသေးတယ်လို့ DNA ကစုံစမ်းသိရှိရပါတယ်။
 
“ကျွန်တော်တို့ အလုပ်သမားတွေ အခုထိ လေးရာဝန်းကျင်ပဲ အလုပ်ရသေးတယ်၊ဒါက ဆယ်ရာခိုင်နှုန်း တောင်မရှိ ဘူးလို့ ပြောလို့ရတယ်၊ပီမိုင် (နှစ်ကူး)ပိတ်ပြီဆိုတော့ ကျန်တဲ့ အလုပ်သမားတွေကိစ္စက နှစ်ဆန်းပိုင်းမှပဲ သိရတော့ မှာ ” လို့ AAC(မဟာမိတ်အဖွဲ့) ဒါရိုက်တာ ဦးခိုင်ကြီးကပြောပါတယ်။
 
ထိုင်းနိုင်ငံက နာမည်ကြီး ပင်လယ်စာစက်ရုံတာဝန်ရှိသူတွေဟာ လိမ်လည်ခံရတဲ့ မြန်အလုပ်သမားတွေကို ဒီဇင် ဘာလအတွင်းမှာ တစ်ရက် ၂၀၀ ဦးစီနဲ့ အလုပ်ခန့်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေရှေ့မှာ ကတိ ပြုထားခဲ့ပေမယ့် အလုပ်သမား သုံးထောင်ကျော်ဟာ အခုအချိန်ထိ အလုပ်မရသေးပါဘူး။
မဟာချိုင်မှာ လုပ်ငန်းခွင်ကောင်းမွန်တယ်လို့ နာမည်ကြီးတဲ့ ပင်လယ်စာစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစား တွေ က မြန်မာလုပ်သား ငါးထောင်ကျော်ကို အခကြေးငွေယူကာ လိမ်လည်စုဆောင်းခဲ့ပါတယ်။
 
စောင့်ဆိုင်းရတာကြာမြင့်လာတဲ့ အလုပ်သမားတွေက ဒီဇင်ဘာ ၉ ရက်က ထိုင်းအစိုးရရုံးရှေ့မှာ ဒီကိစ္စကို ဖြေရှင်း ပေးဖို့ စုပေါင်းတောင်းဆိုခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက လက်ခံပြီး အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ပေးခဲ့တာပါ။
 
အာဏာသိမ်းစစ်ကောင်စီက ထိုင်းနိုင်ငံကို အစိုးရချင်း သဘောတူညီမှု MoU စနစ်နဲ့ အလုပ်သမားတွေ ဆက် တိုက်စေလွှတ်ပေးနေပေမယ့် တဖက်နိုင်ငံရောက်တဲ့အခါ စာချုပ်ပါအလုပ်အကိုင်မရတာ၊ စာချုပ်ပါအခွင့် အရေး မရတာ စတဲ့အခက်အခဲတွေနဲ့လည်း ကြုံတွေနေရတယ်လို့ ထိုင်းရောက်မြန်မာ လုပ်သားအသိုင်းအဝိုင်း ကပြော ပါတယ်။