ကျိုက်ထိုနဲ့ဘီးလင်းအနီးတဝိုက် စစ်တပ်စစ်ကြောင်းထိုးလို့ လူဦးရေတထောင်ဝန်းကျင် တိမ်းရှောင်ရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့ကြား မှာရှိတဲ့ KNUတပ်မဟာ (၁)နယ်မြေဝန်း ကျင်ကို  မနေ့က ဒီဇင်ဘာ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်တပ် ကစစ်ကြောင်းထိုးလာလို့နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၁၀၀၀ ဝန်းကျင်အထိရှိနေတယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။

 

 ကျိုက်ထို​မြို့တောင်ကလေးကျေးရွာအခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမရ (၉၆)က အင်အား (၈၀) ကျော်နဲ့အရင်ကတည်းကတပ်စွဲထားတဲ့ဖိုးဝါးသိမ်ကျေးရွာကနေပြန်လည်ထွက်ခွာလာပြီးကျိုက်ထိုနဲ့ဘီလင်းမြို့နယ်ချင်းထိစပ်နေတဲ့ချောင်းကွေ့နဲ့ကရ ဝေးဆိပ်ကျေးရွာအနီးကိုစစ်ကြောင်းထပ်ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

“ရုတ်တရက်ကြီးစစ်ကြောင်းထိုးပြီးဝင်လာတာ၊ဘာပစ္စည်းမှကိုသယ်ချိန်မရဘူး၊ရွာသားတွေလည်း ကြောက်ပြီးရှောင်လိုက်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေကရုတ်တရက်စစ်ကြောင်းထိုးဝင်လာပြီးကျေးရွာထဲမှာတနေ့ကုန်နီးပါးကြာ တပ်စွဲ ခဲ့ကာနေအိမ်တွေထဲဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

 

ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေဟာ လက်ရှိ အချိန်အထိနေရပ်တွေကိုပြန်လည်ဝင်ရောက်နိုင် ခြင်းမရှိသေးတဲ့အပြင်အဝတ်အထည်၊စားနပ်ရိက္ခာနဲ့နေထိုင်စရာအမိုးအကာတွေအတွက်လည်းအခက် အခဲတွေရင်ဆိုင်နေတယ်လို့ ​ဆိုပါတယ်။

 

“အိမ်ကိုပြန်ချင်တာပေါ့၊အခုလိုကြီးရွာထဲကိုစစ် ​ကြောင်းထိုးနေတာလုပ်နေတော့မပြန်ရဲတော့ဘူး၊အိမ်လည်းရှိအုံးမလားမသိတော့ဘူး၊ ရာသီဥတုကအ ရမ်းအေးလာတော့အနွေးအထည်တွေလိုလာပြီ၊စားသောက်ဖို့အတွက်လည်းအဆင်မပြေတော့ဘူး၊နေဖို့အတွက်ကလည်း ဖြစ်သလိုပဲတဲထိုးနေနေ ရတယ်” လို့ဖိုးသိမ်ကုန်းရွာခံအမျိုးသမီးတဦးကပြောပါတယ်။

 

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီ ဘက်ကလေကြောင်းနဲ့ကင်းထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

အခုလအတွင်းမော်လမြိုင်မြို့ကိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်လာရောက်ခဲ့ပြီးနောက်ပိုင်း ကျိုက်ထို မြို့နယ် နဲ့ ဘီလင်းမြို့နယ် တွေက ဒေသအခြေ စိုက် စစ်ကောင်စီတပ်မ၊တပ်ရင်းတွေမှာအင်အားပြန်လည်ဖြည့်တင်းတာအပြင်လက်နက်ကြီးတွေပိုမိုတပ်ဆင်လာတာတွေနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာတွေလုပ်လာတယ်လို့ကျိုက်ထိုတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။