ဗကသအဖွဲ့ချုပ်ကဘ ဏ္ဍာရေးတာဝန်ခံကို စစ်တပ်က ထောင် ၁၅ နှစ်ချ

ဗကသများအဖွဲ့ချုပ်က ဘဏ္ဍာရေးဗျူရို တာဝန်ခံ ကိုကောင်းထက်ဦးကို ဘားအံခရိုင်တရားရုံးမှာ အကြမ်ဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ ဒီကနေ့ဒီဇင်ဘာလ ၂၃ ရက်က ထောင်ဒဏ် တဆယ့်ငါးနှစ် အပြီးသတ်အမိန့် ချမှတ်လိုက်တယ်လို့ ဗကသအဖွဲ့ချုပ်ကသိရပါတယ်။
 
ကိုကောင်းထက်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်က ဘားအံဘက်ကို ခရီးသွားရင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ၆လနီးပါး အကြာမှာ ဘားအံခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)နဲ့ ထောင်ဒဏ် တဆယ့်ငါးနှစ် ချမှတ်ခံရတာခံလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။
 
“သူတို့ တပ်ချင်တဲ့ ပုဒ်မတွေနဲ့ တပ်ချင်သလို တပ်ပြီးမှ အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်။ ဒီအနေအထားမှာ မတရားတဲ့ ဥပဒေတွေ အောက်မှာ တရားမျှတမှု မရှိဘူးဆိုတာကို ယုံကြည်တယ်။ သူတို့အနေနဲ့ ကိုကောင်းထက်ဦးအပါအဝင် ဗကသရဲဘော်တွေ၊ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်၊ ဖမ်းဆီး နှိက်စက်နေတာက မတရား လုပ်ရပ်တွေ ဖြစ်တယ်။ ဒီလုပ်ရပ်တွေအတွက် တစ်နေ့မှာ ပြည်သူတွေရဲ့ တရားစီရင်မှုကို မလွှဲမသွေး ခံစားရပါလိမ့်မယ်။ သူတို့ ဒီလို ခံစားရအောင်လည်း ပြည်သူတွေ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်”လို့ ဗကသများအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗကသအဖွဲ့ဝင် ၄၀ ကျော် မတရားဖမ်းဆီးခံထားရပြီး ပြန်လွတ်မြောက်လာသူတွေလည်းရှိသလို လက်ရှိအဖမ်းခံထားရသူတွေဟာ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေအများဆုံး ၁၅ နှစ်အထိ စစ်ကောင်စီလက်အောက်က တရားရုံးတွေက အမိန့်ချမှတ်ထားတယ်လို့လည်း ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။
 
ဒါ့အပြင်ဗကသများအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်တဲ့ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကိုလည်း ဒီဇင်ဘာလ ၇ ရက်က အင်းစိန်ထောင်တွင် တရားရုံးကနေ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် (၃) ချမှတ်ခဲ့ပြီး ၅၀(ည) နဲ့လည်း ထပ်မံတရားစွဲဆိုခံထားရပါတယ်။