မန္တလေးနဲ့ စစ်ကိုင်းမှာ အင်အား ၃.၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းလောက်က အင်အား ၃.၃ အဆင့်ရှိ မြေငလျင်ထပ်မံလှုပ်ခတ်သွားတယ်လို့ စစ်အုပ်စုရဲ့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မြေငလျင်လှုပ်ခတ်မှုက ပြင်းထန်မှုမရှိသော်လည်း ငလျင်ဒဏ်ကိုတော့ သိသိသားသားခံစားလိုက်ရတယ်လို့ အဲဒီမြို့တွေရဲ့ ဒေသခံတွေက ဆိုကြပါတယ်။
” အရင်ရက်တွေတုန်းက လှုပ်သလောက်တော့ သိပ်မပြင်းထန်ဘူး။ ဒါပေမယ့် ငလျင်လှုပ်တယ်ဆိုတာတော့ သိလိုက်ရတယ်။ ဘာလိုလည်း ဆိုတော့ ကျနော်တိုက်ဆို ခါထွက်သွားတာပါ ” လို့ မန္တလေးမြို့တွင်း နေထိုင်သူ တဦးကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့ခင်း (၁၂)နာရီ၊ (၀၆)မိနစ်၊ အချိန်က မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၄) မိုင်ခန့် ကွာဝေးသော(စစ်ကိုင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် တစ်ခုလှုပ်ခတ်သွားတာလို့ မိုးဇလက အသိပေးထားပါတယ်။
အဲဒီမြေငလျင် လှုပ်ခတ်မှုကြောင့် ပျက်ဆီးမှု အခြေအနေတွေကို အသေးစိပ်မသိရသေးပါဘူး။
 
မန္တလေးမှာ အခုဒီဇင်ဘာလ ၁၆ ရက်နေ့က အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ဘုရားစေတီတချို့အပါအဝင် အဆောက်အဦးများနဲ့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကိုပါ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါသေးတယ်။